ကလော့ပ်ကတော့ စိတ်ဓာတ်စစ်ဆင်ရေးကို တစ်ဆင့်ပြီးတစ်ဆင့် ပုံဖော်ထားနေတယ်လို့ ဆိုရမှာပါ။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ယူနိုက်တက်နဲ့ မကြာခင်မှာ ကစားတော့မယ့်ပွဲမတိုင်ခင် ဂရင်းဝုဒ်က ဆိုးလ်ရှားအတွက် ကောင်းမွန်တဲ့ပြဿနာတစ်ခုကို ဖန်တီးပေးနေတယ်လို့ ဖွင့်ဟပြောကြားလာပါတယ်။



ဒီတစ်ပတ် ပရီးမီးယားလိဂ်အတွက်ရော၊ ကမ္ဘာ့ဘောလုံးလောကအတွက်ပါ ယူနိုက်တက်နဲ့လီဗာပူးတို့ ထိပ်တိုက်တွေ့တဲ့ပွဲက လူစိတ်ဝင်စားမှုအများဆုံးဖြစ်နေပြီး ကလော့ပ်ကတော့ ဒီကြားထဲမှာ ဂရင်းဝုဒ်နဲ့ ပတ်သက်လို့ ချီးကျူးစကားပြောကြားခဲ့တာပါ။

အသက် (၂၀) အရွယ် ဂရင်းဝုဒ်ဟာ လက်ရှိဘောလုံးရာသီမှာ ယူနိုက်တက်အတွက် (၄) ဂိုးသွင်းယူပေးထားပြီး ညာခြမ်းတစ်နေရာကို အပိုင်စားရနိုင်တဲ့ ခြေစွမ်းမျိုး ပြသထားပါတယ်။ ဂရင်းဝုဒ်ခြေစွမ်းပြနေတာကြောင့်လည်း ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် (၇၂) သန်းနဲ့ ခေါ်ယူထားတဲ့ ဆန်ချိုတောင် ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရတာပါ။

ဂရင်းဝုဒ်နဲ့ပတ်သက်လို့ ကလော့ပ်က “ဝိုး... ဘယ်လောက်တောင် အရည်အချင်းရှိတဲ့ ကစားသမားမျိုးလဲ။ ကျွန်တော်ထင်ပါတယ်။ သူက ဆန်ချိုကိုတောင် ပုံမှန်ပွဲထွက်ခွင့်မရအောင် တွန်းထုတ်လိုက်နိုင်တဲ့ ကစားသမားပါ။ ဗဟိုတိုက်စစ်နေရာမှာ ကစားနိုင်ပေမယ့် ဂရင်းဝုဒ်အတွက် နေရာမရှိတော့ပါဘူး”

“ဒီတော့ သူတို့တွေက အခုလိုမျိုးပဲ အခြားနေရာမှာ ပွဲထွက်ခွင့်မျှယူပြီး ကစားနေကြတာပါ။ မန်နေဂျာတစ်ယောက်အနေနဲ့ဆိုရင်တော့ ခင်ဗျားလည်း ဒီလိုပြဿနာမျိုးကို ရာနှုန်းပြည့်လိုချင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီလိုမျိုးပြောကြားခဲ့တာက ဆန်ချိုကိုနှိမ့်ချလိုတာမျိုးမဟုတ်ဘဲ ဆန်ချိုမှာလည်း အရည်အသွေးကောင်းတွေရှိတဲ့အကြောင်း အခုလိုပြောခဲ့ပါသေးတယ်။ ကလော့ပ်က “ဆန်ချိုက အနာဂတ် ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံးတွေထဲကတစ်ယောက်ဖြစ်လာဖို့ အရည်အချင်းအားလုံး ပိုင်ဆိုင်ထားပါတယ်”

“ဒါပေမယ့် သူအခုတော့ အရမ်းငယ်ရွယ်လွန်းပါသေးတယ်” လို့ ချီးကျူး ပြောကြားသွားခဲ့တာလည်းဖြစ်ပါတယ်။ လီဗာပူးဟာ ဒီညပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ရမှတ် (၂၁) မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးက ချဲလ်ဆီးကို (၁) မှတ်အကွာနဲ့ ဒုတိယနေရာက ဖိအားပေးနိုင်မှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က