• ဆုကြေးအပေးနောက်ကျမှု တရုတ် Foxconn စက်ရုံဝန်ထမ်းတွေ ဆန္ဒပြ

ရဲတွေနဲ့ ရိုက်လားနှက်လားတွေ ဖြစ်ကုန်ကြပါတယ်

ဘောနပ်စ်ပေးတာ နောက်ကျတော့မယ်လို့ သိရပြီးနောက် တရုတ်နိုင်ငံ Foxconn စက်ရုံဝန်ထမ်းတွေ ပေါက်ကွဲပြီး ဒေါသတကြီး ဆန္ဒပြနေကြတယ်လို့ ဆိုပါတယ်။ 

တရုတ်နိုင်ငံ ကျင့်ကျိုး Foxconn စက်ရုံဘက်က ပေးစရာရှိတဲ့ ဘောနပ်စ်ဆုကြေးတွေကို နောက်ရွှေ့လိုက်ကြောင်း အသိပေးပြီးနောက် Foxconn စက်ရုံဝန်ထမ်းတွေဟာ ကျင့်ကျိုးစက်ရုံအပြင်ဘက်မှာ အကြမ်းဖက်ဆန္ဒထုတ်ဖော်နေတဲ့ ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်မီဒီယာတွေပေါ် တက်လာခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ အလုပ်သမားတွေဟာ ကူးစက်ရောဂါကာကွယ်ရေးဝတ်စုံနဲ့ နံပါတ်တုတ်တွေ ကိုင်ထားတဲ့ ရဲအဖွဲ့နဲ့ ပြဿနာတက်နေတာ တွေ့ရပါတယ်။ 

image


Photo: foxbusiness

ကမ္ဘာ့အကြီးဆုံး iPhone တပ်ဆင်ရေးစက်ရုံကြီးတစ်ခုဖြစ်တဲ့ Foxconn Technology Group ရဲ့ ကျင့်ကျိုးစက်ရုံအပြင်ဘက်မှာ ဝန်ထမ်းတွေ ဆန္ဒပြနေကြတာပါ။ The Verge က ရတဲ့ သတင်းတစ်ပုဒ်အရ ရဲအဖွဲ့နဲ့ စက်ရုံဝန်ထမ်းတွေ ပဋိပက္ခဖြစ်ကြပြီးနောက် ဆန္ဒပြမှုက အကြမ်းဖက်တဲ့ဘက်ကို ရောက်လာတယ်လို့ ဆိုပါတယ်။ စက်ရုံအပြင်ဘက်က ဆန္ဒပြနေတဲ့ ဝန်ထမ်းတွေထဲကတချို့ဟာ COVID ကြောင့် သီးသန့် Isolation ခွဲထားကြသူတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။ 

မြို့တွင်း ကူးစက်မှုတွေ ကာကွယ်ဖို့ ကုမ္ပဏီဟာ ဒီလူတွေကို စက်ရုံထဲမှာပဲ နေစေပြီး အလုပ်လုပ်စေခဲ့တာပါ။ ကျင့်ကျိုးမြို့မှာ ကိုဗစ်ရောဂါကူးစက်မှု ကာကွယ်ဖို့ လော့ခ်ဒေါင်းချထားချိန် ဖြစ်ပါတယ်။ Bloomberg သတင်းအရ ဝန်ထမ်းတွေဟာ စက်ရုံထဲမှာ အစားအသောက်နဲ့ နေစရာ ထောက်ပံ့မှု မလုံလောက်တာကြောင့်လည်း ဆန္ဒပြတာဖြစ်တယ်လို့ ဆိုပါတယ်။ 

“သူတို့က ကန်ထရိုက်စာချုပ်ကို ပြောင်းလိုက်တယ်။ ကတိပေးထားတဲ့အတိုင်း အထောက်အပံ့တွေ မရတော့ဘူး။ သူတို့က ကျွန်တော်တို့ကို ကွာရင်တင်းထားတယ်။ အစားအသောက်တော့ မပေးဘူး။ ကျွန်တော်တို့ လိုလားချက်တွေ မပေးရင် ဆက်ပြီး တိုက်ပွဲဝင်သွားမယ်” လို့ Foxconn အလုပ်သမားတစ်ဦးက BBC ကို ပြောပါတယ်။ 

ရဲနဲ့ ပဋိပက္ခဖြစ်စဉ်အတွင်းမှာ အရိုက်ခံရလို့ လူတစ်ယောက် အပြင်းအထန် ဒဏ်ရာရသွားခဲ့တာလည်း တွေ့ခဲ့ရတယ်လို့ သူက ဆိုပါတယ်။ Foxconn ကလည်း ဘောနပ်စ်ပေးဖို့ နောက်ကျတာကြောင့် ဆန္ဒပြဖြစ်စဉ်အကြောင်း အတည်ပြုပြီး စာချုပ်ပါသဘောတူညီချက်အတိုင်း ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်အပေါ် iPhone ကုမ္ပဏီ Apple က ဘာမှတ်ချက်မှ မပေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က