• စိတ်ကျရောဂါနဲ့ ရင်ဆိုင်ရတဲ့အကြောင်းတွေကို အင်နီယေစတာ ဝမ်းနည်းဖွယ်ရာဖွင့်ဟ

စိတ်ကျရောဂါနဲ့ ရင်ဆိုင်ခဲ့ရတဲ့အကြောင်း အင်နီယေစတာက ဖွင့်ဟခဲ့တာပါ။

ဘာစီလိုနာနဲ့ စပိန်ဂန္တဝင်ကွင်းလယ်လူကြီး အင်နီယေစတာက သူ့ရဲ့ဘဝမှာ စိတ်ကျရောဂါနဲ့ ရင်ဆိုင်ခဲ့ရတဲ့အကြောင်းတွေကို ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အင်နီယေစတာဟာ လက်ရှိအချိန်မှာ ဂျေလိဂ်ကလပ် ဗစ်ဆဲလ်ကိုဘေးအတွက် ကစားပေးနေပြီး ကစားသမားဘဝ နေဝင်ချိန်ကို ဖြတ်သန်းလျက်ရှိပါတယ်။

image

အသက် (၃၈) နှစ်အရွယ် အင်နီယေစတာဟာ ဘာစီလိုနာနဲ့အတူ လာလီဂါဖလား (၉) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၄) ကြိမ်တို့အပါအဝင် အောင်မြင်မှုပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ စပိန်လက်ရွေးစင်နဲ့အတူလည်း ကမ္ဘာ့ဖလား၊ ယူရိုချန်ပီယံဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ဘောလုံးလောကရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တယောက်အဖြစ် ပါဝင်ခဲ့ပါတယ်။



ဒါပေမယ့် နာမည်ကျော် ကစားသမားတယောက်ဆိုတိုင်းလည်း စိတ်ကျရောဂါ ဝေဒနာကနေ ပြေးမလွတ်နိုင်ခဲ့ပါဘူး။ ဒီအကြောင်းကို အင်နီယေစတာက “ကျနော် ရုန်းကန်ခဲ့ရတဲ့အချိန်တုန်းက ကြုံတွေ့ခဲ့ရတဲ့ စိတ်ကျရောဂါအကြောင်းကို ကျနော် ဖွင့်ပြောဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျနော်က လူသိများသူတယောက်ပါ။ ဒါပေမယ့် ဒီရောဂါကို ဘယ်လိုမျိုး ရင်ဆိုင်ခဲ့ရတယ်ဆိုတာကို ပြောပြဖို့ လိုအပ်ပါတယ်”

“လူတွေက ကျနော့်ကို ရူးနေတယ်၊ အားနည်းတဲ့ကောင်လို့ ပြောမယ်လို့လည်း ကျနော် တခါမှ မစဥ်းစားခဲ့ဖူးပါဘူး။ စိတ်ကျရောဂါဖြစ်နေချိန်တုန်းက ကျနော့်အတွက် နေ့ရက်တရက်ရဲ့ ပျော်စရာအကောင်းဆုံး အစိတ်အပိုင်းက ဆေးသောက်ပြီး အိပ်ရမယ့် အချိန်ပါပဲ။ ဘဝမှာရော၊ အရာရာမှာပါ ပျော်စရာတွေ ပျောက်ဆုံးခဲ့ရပါတယ်။ ကျနော့်ဇနီးကို ဖက်ထားပေမယ့် ခေါင်းအုံးတလုံးကို ဖက်ထားရသလိုပါပဲ"

“ဘာမှကို မခံစားရတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် အင်နီယေစတာက သူ့အနေနဲ့ တချိန်ချိန်မှာ ဘာစီလိုနာကို နည်းပြ ဒါမှမဟုတ် အားကစားဒါရိုက်တာအဖြစ် ပြန်လာလိုကြောင်း၊ ဒါပေမယ့် အရင်ဆုံး မတူညီတဲ့နေရာတွေမှာ သင်ယူလေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်းလည်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က