စနေနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

Photo : Liverpoolecho
- အဲဗာတန်အသင်းဟာ ဘာစီလိုနာ နောက်ခံလူ ဒစ်ဂ်နီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ Liverpool Echo က ဖော်ပြခဲ့ပါတယ်။ အသက် (၂၅)နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ ကြိုးစားနေဆဲဆိုပေမယ့် အဲဗာတန်အသင်းကတော့ အရခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ အဲဗာတန်အသင်းရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ မာဆယ်ဘရန့်စ်ဟာ ဘာစီလိုနာကို ဒီတစ်ပတ်အတွင်း သွားရောက်ပြီး ဒစ်ဂ်နီ နဲ့ နောက်ထပ် နောက်ခံလူတစ်ဦးဖြစ်သူ မီနာတို့ကို ခေါ်ယူဖို့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ဝါဆိုလပြည့်(သောကြာ)နေ့ နံနက်ပိုင်း နောက်ဆုံးရ အားကစားသတင်းများ

Photo : Goal
- ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဟာဇက်ရဲ့ တန်ဖိုးကို ပေါင်သန်း ၂၀၀ လို့ ချယ်လ်ဆီးက သတ်မှတ်လိုက်ပါတယ်။ ဒါဟာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် မှတ်တမ်းဝင်လာမယ့် ပမာဏဖြစ်ပြီး ရီးရဲလ်အနေနဲ့ ပေါင်သန်း ၂၀၀ ပေးမှ ဟာဇက်ကို ရရှိမယ်လို့ ချယ်လ်ဆီးက သတိပေးလိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တဲ့ နေမာဖြစ်ပြီးေ ပါင် ၁၉၈သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
Photo : Goal
- ပရီးမီးယားလိဂ်တန်းတက်အသင်းဖြစ်တဲ့ ဝုလ်ဗ်ဟာ မန်ယူနောက်ခံလူ မားကို့စ်ရိုဟိုကို ပေါင် (၂၅)သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။ မက်ဂွဲယားကို ခေါ်ယူဖို့အတွက် ငွေကြေးလိုအပ်နေတဲ့ မန်ယူအသင်းဟာ ကစားသမားများကို ပြန်လည်ရောင်းချပြီး ငွေကြေးရရှိအောင် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ မက်ဂွဲယားအတွက် လက်စတာအသင်းက ပေါင်သန်း (၈၀)တောင်းဆိုထားပြီး မန်ယူကတော့ ပေါင်သန်း (၆၀)နဲ့သာ ကမ်းလှမ်းမယ်လို့ သိရပါတယ်။
Photo : Goal
- ချယ်လ်ဆီးကွင်းလယ်လူ ဘာကာယိုကိုကို အေစီမီလန်အသင်းက စိတ်ဝင်စားနေတယ်လို့ Gianluci Di Marzio က ဖော်ပြခဲ့ပါတယ်။ အသက် (၂၃)နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီကမှ မိုနာကိုအသင်းကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ပထမဆုံးရာသီမှာပဲ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ ဆန်စီရိုကလပ်က ဘာကာယိုကိုကို ခေါ်ယူဖို့ ကြိုးစားတော့မယ့်အပြင် လိုက်ဇစ်အသင်းက ကွင်းလယ်လူ ဆမ်မက်စ်ဆီကူကိုလည်း ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
Photo : Goal
- မန်စီးတီးအသင်းဟာ အသင်းရဲ့ လူငယ်ကစားသမား ဇင်ချန်ကိုအတွက် ဖူလ်ဟမ်အသင်းရဲ့ ပေါင် (၁၆)သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ အသက် (၂၁)နှစ်သာ ရှိသေးတဲ့ ဇင်ချန်ကိုဟာ ဘယ်နောက်ခံလူနေရာရော၊ ကွင်းလယ်ဘယ်ခြမ်းမှာပါ ကစားနိုင်သူ ဖြစ်ပါတယ်။ မန်စီးတီးက ဇင်ချန်ကိုကို ရောင်းချဖို့ လက်ခံခဲ့ပေမယ့် ကစားသမားကတော့ ပရီးမီးယားလိဂ်ချန်ပီယံအသင်းမှာ ဆက်နေချင်တယ်လို့ သိရပါတယ်။