ဖျားနာနေပေမယ့်လည်း အဆင်ပြေလိမ့်မယ်လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီဟာ စနေနေ့မှာ ဟက်ဒါစ်ဖီးလ်တောင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကြယ်ပွင့်တိုက်စစ်မှူး အူဘာမီယန်းနဲ့ ဝါရင့်နောက်ခံကစားသမား ကိုစီရယ်နီတို့ ပွဲထွက်ပါဝင်လာမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အူဘာမီယန်းနဲ့ ကိုစီရယ်နီတို့ ၂ ဦးစလုံးဟာ ပြီးခဲ့တဲ့အပတ်မှာ ဖျားနာနေခဲ့ကြပြီး အူဘာမီယန်းက ကြာသပတေးနေ့က လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ခဲ့တယ်လို့ သိရပါတယ်။ နာမကျန်းဖြစ်နေပေမယ့်လည်း နည်းပြအမ်မရီက ၎င်းရဲ့ကြယ်ပွင့်တိုက်စစ်မှူးဟာ စနေနေ့မှာ အဆင်ပြေနေလိမ့်မယ်လို့ ပြောကြားခဲ့ပြီး ကိုစီရယ်နီကလည်း လေ့ကျင့်ရေးကောင်းစွာ ပြုလုပ်နေတယ်လို့ ပြောခဲ့ပါတယ်။

“ဒီနေ့(ကြာသပတေးနေ့) အူဘာမီယန်းက ဖျားနေပါတယ်။ ဒါပေမယ့် စနေနေ့အတွက် သူ အဆင်ပြေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ မနေ့က ကိုစီရယ်နီလည်း ဖျားနာနေခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ သူ လေ့ကျင့်ခန်းကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ယင်းသတင်းကြောင့် အာဆင်နယ်ရိသတ်တွေ စိတ်သက်သာရာရစေခဲ့ပြီး ယခုရာသီမှာ အကောင်းဆုံးပုံစံပြသနေတဲ့ အူဘာမီယန်းကို ပွဲစဉ်အတွင်းမှာ ပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ အူဘာမီယန်းဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၅ ဂိုးအထိ သွင်းယူထားသူဖြစ်ပြီး ရွှေဖိနပ်ဆုရှင် မိုဟာမက်ဆာလာထက် ၁ ဂိုးသာ လျော့နည်းနေပါတယ်။

Share

Loading Next Article...
က္က