မှတ်ပုံတင်မထားတဲ့ SIM Cards များ ပိတ်သိမ်းတော့မှာပါ

ဇွန်လ ၃၀ ရက်နေ့အထိ မှတ်ပုံတင်မထားတဲ့ SIM Cards များကို အပြီးပိတ်သွားတော့မှာပါ။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနဟာ မှတ်ပုံတင်ထားခြင်း မရှိတဲ့ SIM Cards တွေကို ဧပြီ ၃၀ ရက်နေ့ နောက်ပိုင်းက စပြီး မှတ်ပုံတင်ရေး ကိစ္စတွေအတွက် Call Center ကို ခေါ်ဆိုနိုင်ဖို့က လွဲပြီး အထွက်ခေါ်ဆိုမှုများ ပိတ်သွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။ ညွှန်ကြားချက်များအရ မိုဘိုင်းဖုန်းသုံးသူတိုင်း SIM Card မှတ်ပုံတင်ဖို့ နဲ့ သုံးစွဲသူတစ်ဦးလျှင် အော်ပရေတာတစ်ခုစီမှ SIM Card နှစ်ခုအထိ ကိုင်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။



Photo: Duwun Tech


ပြည်တွင်းအော်ပရေတာများမှလည်း SIM Card မှတ်ပုံတင်ဖို့ တိုက်တွန်းနေကြပြီး SIM Card မှတ်ပုံတင်သူများအတွက် ကူညီပံ့ပိုးမှု ရှိနေပါတယ်။ Ooredoo ဟာ My Ooredoo app မှ တစ်ဆင့် SIM Card မှတ်ပုံတင်သူများကို ‌ဒေတာ 500MB ၊ MyTel မှ ဒေတာ 1GB နဲ့ MyTel ဖုန်းအချင်းချင်း မိနစ် ၁၀၀ ဖုန်းခေါ်ဆိုမှု ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

MPT မှလည်း MPT4U app သို့မဟုတ် MPT ဝက်ဘ်ဆိုက်မှတစ်ဆင့် မှတ်ပုံတင်သူများကို ဒေတာ 1GB အထိ ပေးသွားမှာ ဖြစ်ပြီး Telenor မှလည်း MyTelenor app နဲ့ တယ်လီနောမြန်မာ ဝက်ဘ်ဆိုက်များမှ SIM Card မှတ်ပုံတင်သူများကို ဒေတာ 5GB အထိ (သို့မဟုတ်) ဖုန်းဘေလ် ၁၀၀၀ ကျပ်အထိ ပေးသွားမယ်လို့ ဆိုပါတယ်။

SIM Card မှတ်ပုံတင်ဖို့ နိုင်ငံသားများမှာ နိုင်ငံသား စိစစ်ရေးကတ် ၊ နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ်များ လိုအပ်မှာပါ။ SIM Card မှတ်ပုံတင်ထားမှုရှိမရှိ သိနိုင်ဖို့ Telenor မှာ *979*3*3# ၊ Ooredoo မှာ *666# ၊ MPT သုံးသူများအတွက် *601# နဲ့ MyTel ဝန်ဆောင်မှုသုံးသူများ *966*6# တို့ကို ဖုန်းခေါ်ဆိုပြီး စစ်ဆေးနိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က