• စန္ဒီမြင့်လွင်အတွက် မကြီးစိုးမြတ်သူဇာရဲ့ မွေးနေ့ဆုတောင်း

အခုထိ ကလေးလေးလိုပါပဲတဲ့။

ညီမငယ်ဖြစ်တဲ့ စန္ဒီမြင့်လွင်ရဲ့ အသက် ၃၂ နှစ်ပြည့်မွေးနေ့ အမှတ်တရအဖြစ် လေးနက်တဲ့ မွေးနေ့ဆုတောင်းစကားတွေ ဆိုခဲ့ပါတယ်။စိုးမြတ် သူဇာ ဟာ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင် တို့ရဲ့ အစ်မကြီးလည်းဖြစ်ပြီး လေးစားချစ်ခင် မှုကိုလည်း ခံရသူတစ်ဦးဖြစ်ပါတယ်။

image

Photo: Soe Myat Thu Zar Facebook

 

အဆိုတော် စန္ဒီမြင့်လွင် တစ်ယောက် သြဂုတ်လ ၁၂ ရက်နေ့က အသက် ၃၂ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူ့အတွက်ကိုတော့ ညီအစ်မတွေ အားလုံးလေးစားချစ်ခင်ရတဲ့ စိုးမြတ်သူဇာက မွေးနေ့ ဆုတောင်းစကားဆိုခဲ့ပါတယ်။ စိုးမြတ်သူဇာရဲ့ မျက်လုံးထဲမှာတော့ အခုထိ ကလေးလေး တစ်ယောက်လိုပါပဲတဲ့။

'' ကဲ ၃၂ နှစ် ပြည့်ပီ တဲ့မျက်လုံး ထဲ မှာတော့ ကလေး တယောက်လို မြင်နေတုန်းပါဘဲ။ ဒါပေမဲ့ သူမ စိုက်ထူ ခဲ့ တဲ့ မှတ်တိုင်လေးတွေကတော့ 

အသိအမှတ်ပြု ရလောက်အောင် ထင်ထင် ရှားရှား ၊ အခုတော့ လုံခြုံ နွေးထွေး တဲ့ ရင်ခွင်ထဲမှာ သူ ချစ်တဲ့ ဂီတ တွေကို  ဖန်တီး ရင်း ပျော်ရွှင် စွာ ပြည့် စုံနေခဲ့ပြီ ပေါ့ဆိုတော့ကာ''  လို့ ဆိုပါတယ်။

Photo: Sandy Myint Lwin Facebook

 

အဆိုတော်စန္ဒီမြင့်လွင်ဟာ ၂၀၁၈ ခုနှစ် မတ်လအတွင်းမှာ ချစ်ရတဲ့ ချစ်သူဖြစ်တဲ့ ကိုသီဟလွင်နဲ့အတူ မင်္ဂလာဆောင်ခဲ့တာဖြစ်ပါတယ်။ အိမ် ထောင်ကျပြီးပေမယ့်လည်း မိသားစုနဲ့ အတူတူနေထိုင် လျှက်ရှိတာကြောင့် ကျေနပ်ပီတိဖြစ်တယ်လို့ စိုးမြတ်သူဇာက ပြောပြခဲ့ပါသေးတယ်။

''အငယ်ဆုံး သမီး တယောက်အနေနဲ့ အိမ်ထောင် ကျ သွားတာတောင် ခုထိ မိဘ နဲ့ တူတူ ရှိတာကို တော့ ဒီအမကြီး က အလွန် ကျေနပ်မိပါ တယ် လို့။ happy happy birthday ပါ သမီးရေ ဒီဒီ ခုထက် ပိုပီး အောင်မြင် ပြည့်စုံပါစေ ၊ ချစ်တဲ့ မကြီး '' ဆိုပြီးတော့ သြဂုတ်လ ၁၂ ရက်နေ့ ည ၁၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Soe Myat Thu Zar Facebook

 

စန္ဒီမြင့်လွင်က မိဘနှစ်ပါးရဲ့ ချစ်ခြင်းတွေအပြင် ညီအစ်ကိုမောင်နှမတွေ၊ ပရိသတ်တွေရဲ့ ချစ်ခြင်းတွေ နဲ့အတူ သူ့ကို အရမ်းချစ်တဲ့ ခင်ပွန်းဖြစ်သူ တို့ကိုလည်း ပိုင်ဆိုင်ထားပြီလို့ ဆိုပါတယ်။

'' ဒီဒီ ရဲ့ဘဝမှာအလိုအပ်ဆုံးက မရှိမဖြစ် မြတ်စွာဘုရားရယ်၊ မိဘနှစ်ပါး၊ ညီအကိုမောင်နှစ်မဆွေမျိုးများ၊ ချစ်တဲ့ပရိတ်သတ်၊ ကိုယ့်ကို အရမ်းချစ်တဲ့ ကိုယ့်ယောကျာ်း။ အပေါ်ယံပကာသနတွေမပါတဲ့အချစ်နဲ့ချစ်ပေးတဲ့သူငယ်ချင်းမိတ်ဆွေတွေရှိရင်ရပါပြီ ရှိလည်းရှိနေပါပြီ'' ဆိုပြီးတော့ ဇူလိုင်လ ၃ ရက်နေ့ မနက် ၁၀ နာရီ ၀၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ဖူးပါတယ်။

Photo: Soe Myat Thu Zar Facebook

 

သရုပ်ဆောင်စိုးမြတ်သူဇာဟာ ရုပ်ရှင်လောကမှာလည်း အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်ထားသလို ညီမတွေရဲ့ လေးစား အားကျ ချစ်ခင်မှု ကိုလည်း ရရှိပိုင်ဆိုင်ထားသူပါ။ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင်တို့ ညီအစ်မတွေကတော့ အနုပညာလောကဖြစ်တဲ့ သရုပ်ဆောင်ဘက်မှာရော အဆိုဘက်မှာပါ အောင်မြင်ကျော်ကြားသူတွေပါပဲ။

ညီအစ်မ ၄ယောက် ရုပ်ရှင်ရိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ စန္ဒီမြင့်လွင် 

Share

Duwun on Youtube
>
Loading Next Article...
က္က