ချဲလ်ဆီးလူငယ်တိုက်စစ်မှူးအေဗရာဟင်အနေနဲ့ အင်္ဂလန်၊ နိုင်ဂျီးရီးယားနိုင်ငံနှစ်နိုင်ငံကို ကိုယ်စားပြုခွ င့်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။
အင်္ဂလန်လူငယ်တိုက်စစ်မှူးအေဘရာဟင်အနေနဲ့ လက်ရွေးစင်အသင်းနှစ်သင်းကို ရွေးချယ်ခွင့်ရှိနေချိ န်မှာ ဖခင်ဖြစ်သူရဲ့ နိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားအသ င်းကို ရွေးချယ်နိုင်ခြေများနေတယ်လို့ TheSun က အခိုင်အမာဖော်ပြလာပါတယ်။
အေဗရာဟင်ဟာ အင်္ဂလန်နိုင်ငံမှာမွေးဖွားခဲ့သူဖြစ်သော်လည်း နိုင်ဂျီးရီးယားနိုင်ငံသားဖခင်ဖြစ်သူ နဲ့အ င်္ဂလန်နိုင်ငံသူမိခင်တို့ကြောင့် အခုလိုနိုင်ငံလက်ရွေးစင်အသင်းနှစ်သင်းကို ရွေးချယ်ခွင့်ရရှိနေတာ လ ည်းဖြစ်ပါတယ်။
လက်ရှိသတင်းဖော်ပြမှုများတွင် အေဗရာဟင်အနေနဲ့ အင်္ဂလန်နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ေ ရွးစင်အသင်းမှာ ရွေးချယ်ခြင်းမခံရပါက နိုင်ဂျီးရီးယားလက်ရွေးစင်အသင်းကိုကိုယ်စားပြုကစားဖို့အ သ င့်ရှိနေတယ်လို့လည်း သတင်းဖော်ပြမှုများတွေရှိနေခဲ့တာပါ။
အေဗရာဟင်အနေနဲ့ လူငယ်ကစားသမားဘဝတစ်လျှောက်တွင် သက်တမ်းအလိုက်အင်္ဂလန်လူငယ် အသင်းတွေဖြစ်တဲ့ ယူ-၁၈၊ ယူ-၁၉၊ ယူ-၂၁ အသင်းများတွင် ကစားခဲ့ဖူးတဲ့အပြင် အင်္ဂလန်လက်ရွေး စ င်အသင်းကြီးအတွက်လည်း ခြေစမ်းပွဲစဉ် ၂ပွဲကစားခွင့်ရရှိထားသူဖြစ်ပါတယ်။
ဆက်စပ်သတင်းဖော်ပြမှုများအရ လက်ရှိနိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌမာဂျူပီနစ်ခ်ဟာအေ ဗရာ ဟင်ရဲ့ဖခင်ဖြစ်သူနဲ့အကြား သာမန်ထက်ပိုတဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိသူတစ်ဦးဖြစ်ပြီး ကစား သ မားဖြစ်သူကိုလည်း ကမ်းလှမ်းမှုအချို့ပြုလုပ်ထားတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။