ဒီတစ်ပတ်မှာ အက်စတန်ဗီလာနဲ့ ကစားရပါမယ်။

နောက်ခံလူတွေရဲ့ မမှားသင့်တဲ့ အမှားတွေကြောင့် ရမှတ်တွေ ဆုံးရရှုံးနေရတဲ့ အာဆင်နယ်အတွက် တီယာနေးနဲ့ ဘယ်လာရင်တို့ရဲ့ သတင်းက အားရှိစရာ ဖြစ်လာခဲ့ပါတယ်။

အာဆင်နယ် နည်းပြ အူနိုုင်းအမ်မရီအနေနဲ့ တိုက်စစ်က ဂိုးဘယ်လောက်သွင်းသွင်း နားလည်မှု ကောင်းမွန်စွာ မရှိတဲ့ ခံစစ်ကြောင့် ဂိုးတွေ ပြန်ပေးနေရလို့ ပလိုင်းပေါက်နဲ့ ဖားကောက်နေရတဲ့ အဖြစ်မျိုးနဲ့ ရင်ဆိုင်နေရတာပါ။



လက်ရှိမှာတော့ Sportskeeda သတင်းဌာနရဲ့ ဖော်ပြချက်အရ နောက်ခံလူတွေ ဖြစ်တဲ့ တီယာနေးနဲ့ ဘယ်လာ ရင်တို့ဒဏ်ရာကိုယ်စီက ပြန်လည်သက်သာလာပြီလို့သိရပါတယ်။

သောကြာနေ့မှာ ကစားမယ့် ယူ-၂၃ အသင်းရဲ့ ပွဲမှာ တီယာနေးနဲ့ ဘယ်လာရင်တို့ နှစ်ဦးစလုံး ပါဝင်ကစားနိုင်ပြီ လို့ အမ်မရီကိုယ်တိုင် အတည်ပြုပေးခဲ့တာပါ။

တီယာနေးကတော့ ဒီနှစ်မှာ ဆဲလ်တစ်အသင်းက ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် ခေါ်ယူစဉ်ကတည်းက ပေါင်ခြံ ဒဏ်ရာရနေလို့ အနားယူနေရသူဖြစ်ပါတယ်။

ဘယ်လာရင်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက ကြောက်မက်ဖွယ် ဒူးအရွတ် ဒဏ်ရာကို ခံစားနေရသူ ဖြစ်ပါတယ်။

သူတို့ နှစ်ဦးအနေနဲ့ ပြီးခဲ့တဲ့ အပတ်က စတင်ပြီး အသင်းနဲ့ ပူးပေါင်းနေနိုင်ပြီ ဖြစ်ပြီး သောကြာနေ့မှာ ကစားမယ့် ဝုလ်ယူ-၂၃ နဲ့ အာဆင်နယ် ယူ-၂၃ တို့ ပွဲစဉ်မှာ ပြန်လည်စတင်ကစားကြမယ်လို့ အူနိုင်းက အတည်ပြုခဲ့တာပါ။

အာဆင်နယ်အသင်းအနေနဲ့ ဒီနှစ် ပရီးမီးယားလိဂ် ၅ ပွဲကစားပြီးချိန်မှာ ၂ ပွဲသာ နိုင်ထားပြီး ၂ ပွဲသရေကျထားကာ ၁ ပွဲရှုံးနိမ့်ထားရာမှာတော့  ရှုံးနိမ့်ခဲ့တဲ့ ၁ ပွဲမှာ လီဗာပူးကို ၃-၁ ဂိုးနဲ့ဖြစ်ပြီး သရေ ၂ ပွဲကတော့ ခံစစ်က ပေးဂိုး ၄ ဂိုးထိပေးထားရာတာ ဖြစ်ပါတယ်။



နောက်ဆုံး ကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ လိဂ်ပွဲစဉ်မှာဆိုရင် ၂ ဂိုးပြတ် ဦးဆောင်ပြီးကာမှ ချေပဂိုး ၂ ဂိုး ပြန်ပေးလိုက်ရတာဖြစ်ပြီး အဆိုးဆုံးကတော့ မမှားသင့်တဲ့ အမှားတွေကတဆင့် ပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဝက်ဖို့ဒ်နဲ့ပွဲမှာ အများခဲ့တဲ့ နောက်ခံလူ ဆိုကရာတစ်ကို အနားပေးခဲ့ပြီး မူစတာဖီကို လုဇ်နဲ့ တွဲဖက်ကာ ယူရိုပါလိဂ် ကစားစေရာမှာတော့ ၃-၀ ဂိုးပြတ်နဲ့ ပေးဂိုးမရှိ အနိုင်ရခဲ့ပါတယ်။

အာဆင်နယ်အသင်းကတော့ ဒီတစ်ပတ်မှာ အက်စတန်ဗီလာအသင်းကို အိမ်ကွင်းမှာ လိဂ် ၆ ပွဲမြောက် ပွဲစဉ် အဖြစ် ဧည့်ခံ ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က