စိုင်းစိုင်းက သူ့ရဲ့ Idol တစ်ယောက်ပါတဲ့။

ထွန်းဝီရကတော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ သူငယ်ငယ်လေးကတည်းက လေးစားအားကျခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ 

Photo: Tun Wira



ထွန်းဝီရ ရဲ့ အမူအရာတွေ၊ ပြောပုံဆိုပုံတွေက အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ ဆင်တူတယ်လို့ သူ့ကို ချစ်တဲ့ ပရိသတ်တွေက ပြောခဲ့ကြပါတယ်။ ထွန်းဝီရအနေနဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ပတ်သက်လာရင် အတုယူစရာတွေ ရှိခဲ့ဖူးတယ်လို့ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။ 

“ ကိုစိုင်းက ကျွန်တော် ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ အဆိုတော် တစ်ယောက်ပါ။ သူနဲ့ကျွန်တော့်ကို တူတယ်လို့ ပြောကြတော့ ခံစားချက်က ကျွန်တော့်ကို ဆဲကြမှာ ကြောက်တယ်။ တူတယ်လို့လည်း မပြောချင်ဘူး၊ မတူဘူးလို့လည်း မပြောချင်ဘူး။ တချို့ကတော့ စကားပြောတဲ့ပုံတွေ တူတယ်လို့ ပြောတယ်။ သူ့ကို ငယ်ငယ်ကတည်းက သဘောကျခဲ့တာဆိုတော့ ကိုယ့်ရဲ့ မသိစိတ်ထဲက အတုယူမိတာတွေလည်း ရှိကောင်း ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ သူကဆိုပါတယ်။

Photo: Thein Htay Oo

ထွန်းဝီရက စိုင်းစိုင်းခမ်းလှိုင် ပြောခဲ့ဖူးတဲ့ စကားတွေထဲမှာ သူအကြိုက်ဆုံး စကားတစ်ခွန်းကို ထုတ်ဖော်ပြောပြလာပါတယ်။ အနုပညာအပေါ်ထားရှိတဲ့ စိုင်းစိုင်းရဲ့ သဘောထားကိုလည်း လေးစားမိတယ်လို့ ဆိုပါတယ်။ 

“ သဘောကျဆုံးအချက်ကတော့ သူ့ရဲ့ အိုင်ဒီယာ၊ အနုပညာအပေါ်ထားတဲ့ သူ့ရဲ့ သဘောထား၊ ကိုစိုင်းရဲ့ ကြိုးစားမှုတွေကို အရမ်းအတုယူမိတယ်။ ဘယ်သူပဲ တိုက်ခိုက် တိုက်ခိုက် သူမကျရှုံးသွားဘူး။ နေရာတစ်ခုရအောင် သူကြိုးစားနိုင်ခဲ့တယ်။ စီးပွားရေးမှာရော၊ အနုပညာလောကမှာပါ အောင်မြင်နေတဲ့ လူတစ်ယောက်ဖြစ်လို့ အရမ်းအားကျမိပါတယ်။ ကိုစိုင်းပြောခဲ့ဖူးတဲ့စကားရှိတယ် ပရိသတ်အယောက်(၁၀၀၀) မှာ အယောက်(၉၀၀)က ဆဲနေရင်တောင် ကျန်တဲ့ အယောက်(၁၀၀) က ကြည့်ချင်နေရင် အနုပညာသမားတစ်ယောက်အနေနဲ့ သူ့မှာ ဖျော်ဖြေဖို့ တာဝန်ရှိတယ်လို့ ပြောတယ်။ ကျွန်တော်လည်း ဒီလိုပဲ ခံယူထားပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Tun Wira

ထွန်းဝီရကိုတော့ ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ် တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဗီဒီယိုဇာတ်ကားများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ သူဟာ သရုပ်ဆောင်အလုပ်သာမက ဇာတ်သဘင် အလုပ်တွေမှာပါ မြန်မာအဆို၊ အက တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ကပြဖျော်ဖြေတတ်သူ တစ်ယောက်ပါ။ ပညာရေးကြောင့် အနုပညာအလုပ်တွေ ရပ်နားခဲ့တာ ဖြစ်ပြီး ရွှေကြိုပြိုင်ပွဲ ပထမအကြိမ်လူတွေ့ စစ်ဆေးတဲ့နေ့မှာပဲ သူ့ရဲ့ ဓာတ်ပုံတွေကနေတဆင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ပြန်လည် ရရှိခဲ့တာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က