မေ ၁၆မှာ စင်ကာပူကိုသွားခေါ်မှာ ဖြစ်ပြီး မေ၁၉၊၂၄နဲ့၂၇မှာ အိန္ဒိယကို ၃ခေါက်သွားခေါ်မှာပါ။

စင်ကာပူနဲ့ အိန္ဒိယမှ ပထမဆုံး ခေါ်ယူမယ့်အခေါက်တွေမှာ စုစုပေါင်း လူဦးရေ ၃၀၀ ကျော်် ပါလာမှာဖြစ်ပြီး အိန္ဒိယကနေ နောက်ထပ် နှစ်ကြိမ် ခေါ်ဆောင်ဖို့ ရှိသေးတယ်လို့ သိရပါတယ်။

COVID-19 ကာလအတွင်း ပြည်ပနိုင်ငံအသီးသီးမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံတော်အစိုးရက ကယ်ဆယ်ရေးလေယာဥ်တွေ(Relief Flight)နဲ့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိပါတယ်။



မေလ ၁၆ရက်နေ့မှာ စင်ကာပူနိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို MNA လေကြောင်းလိုင်းနဲ့ စတုတ္ထအကြိမ်‌မြောက်အဖြစ် ထပ်မံခေါ်ဆောင်ပေးသွားဖို့ရှိတယ်လို့ MNA လေကြောင်းလိုင်းရဲ့ စီအီးအို ဦးသန်း ထွန်းက Duwun ကို ပြောပါတယ်။

“ကျွန်တော်တို့ လေကြောင်းလိုင်းအနေနဲ့ မနက်ဖြန် မေ ၁၆ မှာ စင်ကာပူကို တစ်ကြောင်းသွားခေါ်ဖို့ရှိပြီး ၁၉ရက်နေ့မှာတော့ အိန္ဒိယနိုင်ငံ ဒေလီကိုတစ်ကြောင်းသွားခေါ်ဖို့ရှိပါတယ်။အိန္ဒိယကိုတော့ ၂၄နဲ့ ၂၇ တွေမှာ ဆက်တိုက် သွားခေါ်ဖို့ရှိပါသေးတယ်”လို့ ဦးသန်းထွန်းက ပြောပါတယ်။

စင်ကာပူကနေ စတုတ္ထအသုတ်အဖြစ် လိုက်ပါလာမယ့်သူ မြန်မာနိုင်ငံသား ၁၄၆ဦးနဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကနေ မြန်မာနိုင်ငံသား ၁၄၆ဦးတို့ လိုက်ပါလာမယ်လို့လည်း သိရပါတယ်။ မေလ ၂၄ ရက်နေ့မှာတော့ အိန္ဒိယနိုင်ငံချန်နိုင်းမြို့ကို ဆုံရပ်နေရာအဖြစ် သတ်မှတ်ထားပြီး တတိယအသုတ်ခေါ် ယူမှုကိုတော့ ဂယာမြို့ကို ဆုံမှတ်သတ်မှတ်ထားတယ်လို့သိရပါတယ်။

ကယ်ဆယ်ရေးလေယာဥ်ဖြင့် လိုက်ပါနိုင်ရန်အတွက် သတင်းထုတ်ပြန်ချက်တွေကိုတော့ သက်ဆိုင်ရာ သံရုံးတွေရဲ့ တရားဝင်လူမှုစာမျက်နှာတွေမှာ အသေးစိတ်ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကယ်ဆယ်ရေးလေယာဥ်တွေနဲ့ ပြန်ရောက်လာသူတွေကို သတ်မှတ် ကွာရန်တင်းနေရာတွေမှာ ၂၁ရက် ကွာရန်တင်းဝင်စေပြီးမှ နေရပ်မြို့တွေကို ပြန်ခွင့်ပြုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က