ကလော့ပ်ကတော့ နှစ်လဆက်ပဲ ဖြစ်ပါတယ်။

အူဘာမီယန်းက ပွဲတိုင်း ဂိုးသွင်းနိုင်ခဲ့သလို အာဆင်နယ်အသင်းလည်းရှုံးပွဲမရှိချိန်မှာ ကလော့ပ်ရဲ့ လီဗာပူးက ရာနှုန်းပြည့်နိုင်ပွဲနဲ့ ဆက်လက်ချီတက် ဦးဆောင်နေဆဲပါ။

ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ လအလိုက် အကောင်းဆုံး ကစားသမားဆုနဲ့ နည်းပြဆုတွေကို ပေးအပ်လျက်ရှိရာမှာ စက်တင်ဘာလအတွက် အကောင်းဆုံးကစားသမားဆုကို အူဘာမီန်းက ရရှိခဲ့ပြီး အကောင်းဆုံး နည်းပြဆုကို ကလော့ပ်က ရရှိခဲ့တယ်လို့ သိရပါတယ်။



Premier League ရဲ့ တရားဝင် လူမှုစာမျက်နှာထက်မှာဖော်ပြချက်အရ အူဘာမီယန်းအနေနဲ့ စက်တင်ဘာလ အတွင်း ကစားခဲ့တဲ့ ၄ ပွဲစလုံးမှာ ဂိုးသွင်းယူထားနိုင်ပြီး စုစုပေါင်း ၅ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ရွေးချယ်ခြင်းခံရ တာလို့ သိရပါတယ်။

အူဘာမီယန်းရဲ့ သွင်းဂိုးတွေနဲ့အတူ အာဆင်နယ်အသင်းဟာ စက်တင်ဘာထဲမှာရှုံးပွဲမရှိထားပဲ ပြီးခဲ့တဲ့သြဂုတ် လတုန်းက လီဗာပူးကို ၃-၁ နဲ့ အရေးနိမ့်ပြီးနောက် မရှုံးထားတော့တာပါ။

လက်ရှိမှာလည်း အူဘာမီယန်းက ၇ ဂိုးထိသွင်းယူထားနိုင်လို့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ပြေးပွဲမှာ မန်စီးတီးက အဂူရိုနဲ့ ချဲလ်ဆီးက အေဘရာဟင်တို့ထက် တစ်ဂိုးသာ လျော့နည်းနေပါတယ်။

နည်းပြ ဂျာဂျင်ကလော့ပ်ကတော့ နှစ်လဆက်တိုက် ရွေးချယ်ခံရတာဖြစ်ပြီး သြဂုတ်လတုန်းကလည်း ရွေးချယ်ခံ ထားရသူပါ။



နည်းပြ ကလော့ပ်ရဲ့ လက်အောက်မှာ လီဗာပူးအသင်းဟာ ဒီရာသီ နိုင်ပွဲဆက်နေပြီး လက်ရှိ ပရီးမီးယားလိဂ် ၈ ပွဲကစားထားရာမှာ ၈ ပွဲစလုံးကို ပွဲပြည့်အနိုင်ရထားပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ ကလော့ပ်နဲ့ အူဘာမီယန်းတို့က ယခင် ကလော့ပ် ဒေါ့မွန်အသင်းကို တာဝန်ယူ ကိုင်တွယ်စဉ် ဆရာ တပည့်တွေ ဖြစ်ခဲ့ကြတာပါ။

လီဗာပူးအသင်းကတော့ နိုင်ငံတကာပွဲရက်သတ္တပတ်ပြီးရင် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းကို သွားကစားရမှာဖြစ်ပြီး အာဆင်နယ်အသင်းကတော့ ရှက်ဖီးယူနိုက်တက်နဲ့ ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က