ဒီဇိုင်းနဲ့ ကင်မရာပိုင်း အဆင့်မြှင့်တင်ထားပြီး ဈေးသင့်တင့်တဲ့ Flagship ဖုန်းတစ်မျိုးကို Nubia က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
Snapdragon 8 Gen 2 ပလက်ဖောင်းနဲ့ လာတဲ့ Flagship အန်းဒရိုက်ဖုန်းတွေထဲမှာ Moto X40 က လက်ရှိ ဈေးအသက်သာဆုံး ဖြစ်ပြီး ယွမ် ၃၄၀၀ ဈေးနဲ့ စတင်မိတ်ဆက်ထားတာပါ။ Nubia က အသစ်မိတ်ဆက်လိုက်တဲ့ Nubia Z50 ဖုန်းကတော့ ၂၉၉၉ ယွမ် ဈေးက စတင်ထားပြီး Flagship ဖုန်းတစ်လုံးရဲ့ Feature တွေအစုံအလင် ပါဝင်နေပါတယ်။
Photo: GSMArena
Nubia Z50 ဟာ ဒီဇိုင်းသစ် သုံးထားပြီး ကင်မရာနဲ့ အတွင်းပိုင်း Hardware တွေကိုလည်း အဆင့်မြှင့်တင်ထားပါတယ်။ ဘောင်ခုံး မျက်နှာပြင်ဟာ Screen Size ၆.၆၇ လက်မ AMOLED Panel အမျိုးအစား သုံးထားပြီး FHD+ ရုပ်ထွက် ၊ 10-bit Color Depth နဲ့ 144Hz refresh rate တို့ ပါဝင်ပါတယ်။ မှန်ကိုယ်ထည် ၊ သတ္ထုဖရိမ်နဲ့ လာပြီး လယ်သာဗားရှင်းလည်း ထွက်ထားပါတယ်။
ကျောဘက်ကင်မရာအထားအသိုဟာ အရင်မော်ဒယ်တွေနဲ့ ကွဲပြားမှု ရှိပြီး ဓါတ်ပုံကင်မရာပိုင်းမှာ 35mm lens ပါ custom 64MP IMX787 Main Sensor နဲ့ ၁၁၆ ဒီဂရီ မြင်ကွင်းကျယ်ဖမ်းယူနိုင်တဲ့ 50MP Samsung S5KJN1 Sensor တို့ တပ်ဆင်ထားပါတယ်။ Main Camera ပါ OIS ရုပ်ငြိမ်စနစ် ပါလာသလို အရန်ကင်မရာမှာလည်း Macro Shot အတွက် Autofocus အထောက်အပံ့ပေးထားပါတယ်။
နောက်ဘက် Dual ကင်မရာတွေကို လက်စွပ်ပုံ LED အလင်းကွင်းနဲ့ Multi-Channel Spectral Sensor တို့ကလည်း Support ပေးထားပါတယ်။ ရှေ့ မှန်ပြင်အပေါ်အလယ်တည့်တည့်မှာ 16MP OmniVision OV16A1Q ကင်မရာ ထည့်ထားပြီး Nubia ရဲ့ NeoVision Imaging Algorithm နဲ့ မောင်းနှင်ထားပါတယ်။
Nubia Z50 မှာ Qualcomm Snapdragon 8 Gen 2 SoC ၊ LPDDR5x RAM , UFS 4.0 Storage တို့ ပါဝင်ပြီး ဖုန်းအပူချိန်ထိန်းညှိဖို့ VC Cooling System တစ်ခုလည်း ထည့်ပေးထားပါတယ်။ ဘက်ထရီပါဝါ 5000 mAh ဟာ 80W Wired Charging အမြန်အားသွင်းစနစ်ကြောင့် အားသွင်းရ မြန်ဆန်စေမှာပါ။
Photo: GSMArena
ဆော့ဖ်ဝဲအနေနဲ့ Android 13 ကို အခြေခံထားတဲ့ MyOS 13 နဲ့ လာပြီး အဖြူ ၊ အနက် နဲ့ အစိမ်းလယ်သာဗားရှင်းဆိုပြီး ကာလာ ၃ ရောင်ထွက်ထားပါတယ်။ တရုတ်ဈေးကွက်မှာ 8GB+128GB ဗားရှင်းကို ၂၉၉၉ ယွမ် (မြန်မာငွေ ၁၂ သိန်းဝန်းကျင်) ဈေးကနေ စတင်ပြီး RAM 16GB/1TB Stoarge ဗားရှင်းကို ၅၉၉၉ ယွမ် (မြန်မာငွေ ၂၄ သိန်းဝန်းကျင်) ဈေးအထိ သတ်မှတ်ထားပါတယ်။