အကြမ်းစား Gaming Features တွေနဲ့ လာတဲ့ RedMagic မော််ဒယ်ပ

အမိုက်စား Gaming Phone ချစ်သူတွေအတွက် 165Hz refresh rate ၊ 720Hz touch sampling rate စတဲ့ အမိုက်စား Gaming features တွေ ပါတဲ့ Red Magic 6s Pro ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

           ZTE ရဲ့ sub-brand တစ်ခု ဖြစ်တဲ့ Red Magic ကနေ ထုတ်လိုက်တဲ့ RedMagic 6s Pro ဟာ ဒီနှစ်ဆန်းပိုင်းမှာ ကြေညာခဲ့တဲ့ RedMagic 6 Pro ကို နည်းနည်း အဆင့်မြှင့်တင်ပြီး မွမ်းမံလိုက်တဲ့ မော်ဒယ်အဖြစ် ထွက်လာတာပါ။ features ပိုင်းမှာ အပြောင်းအလဲအနေနဲ့ အရင် Snapdragon 888 SoC အစား ပိုပြီး အားကောင်းတဲ့ Snapdragon 888+ SoC ကို သုံးလာတာပါ။



           ဖုန်းကျောဘက်မှာ touch sensor နှစ်ခုအပြင် ဖုန်းဆော့ဖ်ဝဲလ် ၊ အအေးပေးစနစ်နဲ့ touch sampling rate တွေလည်း အဆင့်မြှင့်တင်ထားပါတယ်။ ဖုန်း Screen size ဟာ ၆.၈ လက်မ AMOLED display ဖြစ်ပြီး ရုပ်ထွက် 2400 x 1080p ၊ 165Hz refresh rate နဲ့ 720Hz Touch Sampling Rate တွေ သုံးထားပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဒီဖုန်းမှာ သုံးထားတဲ့ Under-display Fingerprint Reader ဟာ နှလုံးခုန်နှုန်းပါ တိုင်းနိုင်တဲ့ စနစ် ပါတယ်လို့ ဆိုပါတယ်။


Photo: Gizmochina

 

           ဒီ S-model မှာ ပါတဲ့ Shoulder triggers တွေဟာ အရင် 400Hz ကနေ အခုမော်ဒယ်မှာ touch sampling rate ကို 450Hz အထိ သုံးနိုင်မှာဖြစ်ပြီး response time ဟာ 2.2ms ပဲ ရှိမယ်လို့ ဆိုပါတယ်။ ကျောဘက်မှာလည်း နောက်ထပ် trigger သစ်တစ်ခု ပါရှိပါတယ်။ shoulder triggers တွေရဲ့ လုပ်ဆောင်ချက်ကိုလည်း Red Magic ရဲ့ ဂိမ်းဆော့ဖ်ဝဲလ်ကို သုံးပြီး customized ပြန် ပြောင်းနိုင်မှာပါ။

           ကျောဘက်မှာ ထောင်လိုက် သုံးလုံးတွဲကင်မရာနဲ့အတူ Redmagic တံဆိပ်ပါ ထောင်လိုက် RGB အလင်းစင်းကြောင်းပါရှိပါတယ်။ ကျောဘက်ကင်မရာဟာ အရင် RedMagic 6 Pro မှာလိုပဲ 64MP wide ၊ 8MP ultra-wide နဲ့ 2MP macro lens သုံးထားပြီး ရှေ့ဘက်မှာ 8MP selfie ကင်မရာ တပ်ဆင်ထားပါတယ်။ ဖုန်းကို မောင်းနှင်တာကတော့ Qualcomm Snapdragon 888+ SoC ဖြစ်ပြီး အမြင့်ဆုံးမော်ဒယ်မှာ LPDDR5 18GB dual-channel RAM နဲ့ UFS 3.1 storage စနစ်သုံး 512GB အထိ ပါရှိပါတယ်။


Photo: Gizmochina


           ဖုန်းအပူချိန်လျှော့ချဖို့ ICE7.0 multi-dimensional အအေးပေးစနစ် သုံးထားပါတယ်။ ဒီ Cooling System မှာ ကွန်ပိုးဆစ်ဂရက်ဖင်း ၊ အလူမီနီယံ အလယ်ဖရိမ် ၊ တစ်မိနစ် အပတ်ရေ ၂ သောင်းလည်နိုင်တဲ့ RGB အလင်းပါ fan ၊ VC heat sink စနစ် ၊ အပူချိန်စီးကူးမှုထိန်းတဲ့ gel စတဲ့စတဲ့ Thermal controls စနစ်တွေ ထည့်သွင်းထားပါတယ်။ တခြား features တွေအနေနဲ့ 5G ချိတ်ဆက်မှု ၊ dual stereo speakers ၊ 4500mAh ဘက်ထရီ နဲ့ 120W fast charging စနစ်တွေလည်း ပါဝင်မှာပါ။ Shining Black ၊ Star White ကာလာတွေအပြင် ထွင်းဖောက်မြင် Transparent Edition လည်း ထွက်ထားပါတယ်။

           Black နဲ့ White မော်ဒယ်တွေရဲ့ အနိမ့်ဆုံးမော်ဒယ် 8GB/128GB ဗားရှင်းကို ၃၉၉၉ ယွမ် (မြန်မာငွေ ၁၀ သိန်းခန့်) ဈေးကနေ စတင် ရောင်းချသွားမှာပါ။ Transparent Edition (18GB/512GB) မော်ဒယ်ကို ၆၃၉၉ ယွမ် (မြန်မာငွေ ၁၇ သိန်းခွဲကျော်) ဈေး သတ်မှတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က