• Featured

    Social Media App တွေသုံးချိန်မှာ Mobile Data သက်သာစေမယ့် နည်းလမ်းလေးတွေ

လွယ်ကူရိုးရှင်းတဲ့ Settings Tweak လေးတွေ

စမတ်ဖုန်းတွေဟာ ဒီနေ့ခေတ်ရဲ့ ခရီးသွားအင်တာဆိုင်တွေ ဖြစ်လာပါပြီ။

တစ်ရက်တစ်ရက် ဖုန်းအသုံးပြုမှုကြာချိန်ကလည်း အနည်းဆုံး ၃ နာရီမက ရှိပါတယ်။ ဖုန်းအသုံးပြုမှုများလာသလို ဖုန်း Mobile Data အတွက် ကုန်ကျစရိတ်ကလည်း ပိုပိုတက်လာနေပါတယ်။ ဖုန်းအင်တာနက်ကို အသုံးပြုမှုအများဆုံးက Gaming Apps တွေနဲ့ Facebook ၊ Instagram ၊ Netflix စတဲ့ Social Media နဲ့ ဖျော်ဖြေရေး Apps တွေပဲ ဖြစ်ပါတယ်။ 

ဒီတစ်ခေါက်မှာတော့ ဒေတာသုံးစွဲမှုများတဲ့ Social Media Apps တွေ သုံးရာမှာ ဖုန်းဘေလ်အကုန်သက်သာအောင် နည်းလမ်းတွေ ပြောပြချင်ပါတယ်။ 


(၁) Facebook 

image

Photo: Unsplash


အခုခေတ်က ဖုန်းသုံးသူတိုင်း Facebook နဲ့ မကင်းဘူးလို့တောင် ပြောနိုင်ပါတယ်။ Facebook မှာ ဒေတာအစားဆုံးအပိုင်းက Autoplay ဗွီဒီယိုတွေပဲ ဖြစ်ပါတယ်။ Autoplay ကို ပိတ်ထားတာ ဒါမှမဟုတ် WiFi Only ပဲ ရွေးထားက Mobile Data အစား သက်သာစေပါတယ်။ Facebook apps ရဲ့ Settings & Privacy ကနေ Media and Contacts ကို သွားပြီး Videos & Photo > Autoplay ကတစ်ဆင့် One Wi-Fi Connections Only ဒါမှမဟုတ် Never Autoplay ကို ရွေးချယ်ရမှာပါ။ 


(၂) Instagram


Photo: Unsplash

Instagram ကလည်း Autoplay ဗွီဒီယို နဲ့ ဓါတ်ပုံတွေမှာ ဒေတာစားသုံးမှု မြင့်ပါတယ်။ ဒေတာအစားသက်သာဖို့ဆို Instagram App ရဲ့ အောက်ဘက်ညာဘက် Settings ကနေ Cellular Data Use ကို သွားပြီး Use Less Data ကို ဖွင့်ပေးနိုင်ပါတယ်။ Facebook နဲ့ Instagram တွေမှာ Resources နဲ့ ဒေတာအစားသက်သာတဲ့ Lite ဗားရှင်းလည်း ထွက်ထားလို့ Lite Version နဲ့ သုံးဖို့လည်း ပြောချင်ပါတယ်။ 


(၃) Netflix


Photo: Unsplash

Netflix မှာ ရုပ်ထွက်မြင့်တဲ့ High Video Quality နဲ့ ဗွီဒီယိုကြည့်တာကလည်း ဒေတာအလွန်ကုန်ပါတယ်။ ဒီလို Heavy-Data Apps မျိုးက WiFi ရတဲ့အချိန် သုံးတာက ပိုကောင်းပါတယ်။ တကယ်လို့ Mobile Data နဲ့ သုံးချင်တယ်ဆိုရင် Low-Quality Streams လုပ်ပြီး ကြည့်သင့်ပါတယ်။ ဒီလိုလုပ်ဖို့ Netflix Apps အောက်ခြေက More ဆိုတဲ့ ခလုတ်ကနေ တစ်ဆင့် App Settings ထဲ ဝင် Video Quality ကို သွားပြီး Standard ကို ပြောင်းထားပေးရမှာ ဖြစ်ပါတယ်။

(၄) YouTube


Photo: Unsplash

YouTube မှာ Mobile Data အကုန်အကျသက်သာစေမယ့် Feature တစ်ခု ပါပါတယ်။ ဒီ Feature က Video Quality ကို ကွန်ရက်ပေါ်လိုက်ပြီး အလိုအလျောက် ချိန်ညှိပေးတာ ဖြစ်ပါတယ်။ ဖုန်းထဲက YouTube Apps ရဲ့ Settings ကို သွားကြည့်မယ်ဆိုရင် Video Quality Preferences ဆိုတဲ့ section တစ်ခု တွေ့မှာပါ။ ဒီ Section ထဲက Video Quality On Mobile Networks အောက်မှာ Auto ၊ Higher Picture Quality နဲ့ Data Saver ဆိုပြီး ၃ ခု ရှိပါတယ်။ 

Mobile Data သမားတွေအတွက်တော့ Data Saver ကို ရွေးထားသင့်ပါတယ်။ တခြား features တွေအနေနဲ့ Data Saving Mode ဖွင့်တာ ၊ Autoplay Next Video ပိတ်တာတွေလည်း Settings ထဲမှာပဲ ရှာပြီး လုပ်ဆောင်နိုင်ပါတယ်။ 


(၅) Telegram 


Photo: Unsplash

နောက်ပိုင်း လူသုံးများလာတဲ့ Social Media Apps တစ်ခုက Telegram ပါ။ Telegram မှာ Auto Download တွေ ပွင့်နေရင်လည်း ဖုန်း Mobile Data စားပါတယ်။ Telegram ကို ဖုန်း Mobile Data နဲ့ သုံးမယ်ဆိုရင် ‌ဒေတာအစားသက်သာဖို့ အရင်ဆုံး App ရဲ့ Settings ကို ဖွင့်ပြီး Data and Storage ထဲ ဝင်ကြည့်ပါ။ Automatic Media Download ဆိုတဲ့ section အောက်မှာ Options ၃ ခုရှိပြီး အပေါ်ဆုံး When Using Mobile Data ဆိုတာလေးကို ပိတ်ပေးထားရမှာပါ။ Roaming လုပ်ချိန် ဒေတာအစား သက်သာချင်ရင် တတိယ Options ကို ပိတ်ထားနိုင်ပါတယ်။ 

ပြီးရင် အောက်မှာ Auto Play Media ဆိုတဲ့ Sections ရှိပါတယ်။ ဒီ section အောက်က GIFs နဲ့ Videos ဆိုတဲ့ Options နှစ်ခုလုံး ပိတ်ထားသင့်ပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ ဒေတာပိုပြီး အကုန်အကျသက်သာအောင် လုပ်နိုင်တာက အောက်ဆုံးမှာ Calls ဆိုတဲ့ section ထဲ ဝင်ပြီး Less Data For Call ကို Never ပေးရုံပါပဲ။

အခုပြောခဲ့တာတွေက ဒေတာသုံးစွဲမှုမြင့်တဲ့ Social Media Apps တွေမှာ ဒေတာအကုန်အကျသက်သာအောင် တိုက်ရိုက် Settings ချိန်နိုင်တဲ့ နည်းလမ်းတချို့ ဖြစ်ပြီး Mobile Data သိပ်မကုန်စေမယ့်နည်းလမ်းလေးတွေကို နောက်ဆောင်းပါးမှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က