အေးမြတ်သူဟာ Social Media ပေါ်မှာ ဆယ်လီဖြစ် နေကြပေမယ့် လူတစ်ယောက်ရဲ့ ရပ်တည်မှုက အပြုအမှုနဲ့လည်း သက်ဆိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိ Social Media ခေတ်မှာ Facebook အသုံးပြုသူ၊ Tik Tok အသုံးပြုသူတွေ တစ်နေ့ထက် တစ်နေ့ များပြားလာတာ တွေ့ရပါတယ်။ ဒီ Social Media ကနေတဆင့် ပရိသတ်တွေရဲ့ ဝန်းရံမှုကို ရရှိပြီး အနုပညာလောကထဲကို ဝင်ရောက်လာတဲ့သူတွေ ရှိလာကြတဲ့အပေါ် သရုပ်ဆောင် အေးမြတ်သူက သူမရဲ့ သဘောထားကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် အခုလို ပြောပြလာပါတယ်။
“ လူတစ်ယောက်ရဲ့ ရပ်တည်မှု အပေါ် မူတည်ပြီး အချိန်က စကားပြောသွားမယ်လို့ ထင်ပါတယ်။ ရှေ့မှာလည်း ဆယ်လီတွေ၊ Follower အရမ်းတတ်တဲ့လူတွေ ပေါ်လာခဲ့ဖူးတာပဲ အခုမှ ပေါ်လာတာမှ မဟုတ်တာနော်။ ဖေ့စ်ဘွတ် စပြီး သုံးကြ ကတည်းက ပါပဲ။ အဲဒီတုန်းက ကိုယ်လည်း Follower များတဲ့သူ မဟုတ်ခဲ့ဘူး။ ကိုယ်တွေက သရုပ်ဆောင်ခြင်း အနုပညာကို လုပ်တယ်။ ကိုယ်လုပ်နိုင်တဲ့ အရာလေး ကိုယ်လုပ်တယ်။ အဲဒီမှာမှ အချိန်က စကားပြောသွားတာဖြစ်ပြီး အချိန်ကာလအလျောက် အကောင်းဆုံး ကူးပြောင်းနိုင်တဲ့၊ အကောင်းဆုံး အသုံးချနိုင်တဲ့ သူက ကျန်ခဲ့မှာပဲလို့ ယူဆတယ်” ဆိုပြီးတော့ ရုပ်ရှင် အစည်းအရုံးမှာ အလှူ လုပ်ခဲ့စဉ်က ဖြေဆိုထားတာပါ။
အခုဆိုရင်တော့ ဆယ်လီတွေ များတဲ့ ခေတ် ဖြစ်လို့နေပါတယ်။ ဒါကြောင့် ရရှိထားတဲ့ အချိန်ကာလကို အကောင်းဆုံး အသုံးချတတ်ဖို့ လိုတယ်လို့လည်း အေးမြတ်သူက အကြံပြု ပြောပြလာပါတယ်။
“ ဘယ်လိုပဲ ပေါ်ပျူလာဖြစ်တဲ့ သူတွေပေါ်လာပါစေ၊ ဆယ်လီဖြစ်တဲ့သူတွေ ပေါ်လာပါစေ အချိန်တစ်ခုမှာ သူတို့ရဲ့ ဖြစ်တည်မှုက ကောင်းမွန်သော ပြောင်းလဲမှုဖြစ်လာရင်တော့ ကောင်းမယ်။ ကောင်းမွန်တဲ့ အကျိုးပြုမှုတွေ ဆိုရင်တော့ လက်ကမ်းကြိုဆိုတယ်။ သူတို့ရဲ့ အပြုအမှုနဲ့ အချိန်ကပဲ ဆုံးဖြတ်ပေးသွားမယ်လို့ ထင်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: Amazing Grace
အေးမြတ်သူက အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်ပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။
Featured
Celebrities
Social Media တွေကို အသုံးပြုပြီး အောင်မြင်လာတဲ့ သူတွေအပေါ် အေးမြတ်သူရဲ့ သဘောထား

ဆက်စပ်အကြောင်းအရာများ
Share