မန်ယူကို ၁-၀ ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ်အရွတ် စုတ်ပြဲဒဏ်ရာ ရခဲ့တာဖြစ်ပြီး ပုံမှန်ဆိုရင် မတ်လမတိုင်ခင်အထိ အနားယူရမှာ ဖြစ်ပေမယ့် အခုအခါမှာ တစ်လစောပြီး ပြန်သက်သာလာတယ်လို့ ဆေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
စပါး အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ ဒဏ်ရာကြောင့် အနားယူနေရာကနေ ပြန်လည် သက်သာလာတော့မယ်လို့ The Sun သတင်းဌာနက ဖော်ပြလာပါတယ်။
ပုံမှန်ဆိုရင်တော့ ကိန်းရဲ့ ဒဏ်ရာက မတ်လမတိုင်ခင်အထိ အနားယူနေရမှာ ဖြစ်ပေမယ့်လည်း ယခုအခါ ဆေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ တစ်လစောပြီး သက်သာလာမယ်လို့ သိရပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ကိန်းအနေနဲ့ လက်စတာကို အိမ်ကွင်းမှာ ဧည့်ခံကစားရမယ့် လာမယ့်ပွဲစဉ်ကိုတော့ ပါဝင်နိုင်ဦးမှာ မဟုတ်ပဲ ဒေ့ါမွန်နဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲအမီ ကြံ့ခိုင်မှုအကောင်းဆုံး ဖြစ်နေအောင် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ကိန်းဟာ ခြေကျင်းဝတ်အရွတ်စုတ်ပြဲဒဏ်ရာကို မန်ယူကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ရခဲ့တာဖြစ်ပြီး နောက်အကျဆုံးအဖြစ် ဘန်လေနဲ့ပွဲစဉ်ကို ပါဝင်နိုင်ဖို့ မျှော်လင့်နေကြောင်းလည် းThe Sun က ဖော်ပြထားပါတယ်။
ကိန်းက ပြီးခဲ့တဲ့အပတ်အတွင်း လူမှုကွန်ရက်မှာ ဗီဒီယိုတစ်ခုတင်ခဲ့ပြီး အဆိုပါ ဗီဒီယိုမှာတော့ အမေရိကန်နိုင်ငံမှာ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ ပြုလုပ်နေတာ တွေ့ခဲ့ရပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့အပတ်က နယူးကာဆယ်ကို တိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။