ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့လိုခဲ့တာပါ။

တော့တင်ဟမ်ဟော့စပါးကွင်းလယ်ကြယ်ပွင့် အဲရစ်ဆင်ဟာ စိန်ခေါ်မှုအသစ်တွေ ရှာဖွေလိုတဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး နောင်တရခြင်းမရှိဘဲ ၎င်းရဲ့ကိုယ်ပိုင်အနာဂတ်ကို ဆုံးဖြတ်နိုင်တဲ့ ရာထူးမျိုး ဖြစ်ချင်နေတယ်လို့ Goal ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အဲရစ်ဆင်က ၎င်းရဲ့အနာဂတ် ဘာဖြစ်မယ်ဆိုတာကို နည်းပြတစ်ယောက်လိုမျိုး ဆုံးဖြတ်ပိုင်ခွင့်ရရှိလိမ့်မယ်လို့ ဆုတောင်းကြောင်း ပြောကြားခဲ့ပြီး တော့တင်ဟမ်ဟော့စပါးအသင်းကို မစွန့်ခွာနိုင်ခဲ့တာနဲ့ပတ်သက်ပြီး စိတ်ပျက်နေကြောင်းကို အရိပ်အမြွက်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲရစ်ဆင်ဟာ စပါးအသင်းအတွက် ၆ နှစ်ကြာကစားပေးခဲ့ပြီးနောက် စိန်ခေါ်မှုအသစ်တွေကို ရှာဖွေလိုတဲ့ဆန္ဒရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့သူဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းက အဲရစ်ဆင်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ ပါဝင်နေခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဘောလုံးနည်းပြတစ်ယောက်လိုမျိုး ဆုံးဖြတ်ပိုင်ခွင့် ရရှိနိုင်လိမ့်မယ်လို့ ဆုတောင်းပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော် မလုပ်နိုင်ခဲ့ပါဘူး”လို့ ဒိန်းမတ်အသင်းအတွက် ယူရို ၂၀၂၀ ခြေစစ်ပွဲကစားပေးဖို့ ဒိန်းမတ်ကို ရောက်ရှိနေချိန်မှာ Ekstra Bladet ကို ပြောကြားခဲ့ပါတယ်။

အဲရစ်ဆင်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ဝင်ရောက်နေပြီဖြစ်တာကြောင့် ကမ်းလှမ်းမှုတစ်ခုခုရှိလာခဲ့မယ်ဆိုရင် တော့တင်ဟမ်ဟော့စပါးအသင်းက နားထောင်ပေးဖို့ မျှော်မှန်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း သဘောတူညီမှုတစ်ခုမှ ရရှိခဲ့ခြင်းမရှိတာကြောင့် အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဲရစ်ဆင်ဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာခွင့်ရရှိတော့မှာဖြစ်ပြီး ဇန်နဝါရီလမှာ အင်္ဂလန်ပြင်ပအသင်းတွေနဲ့ အကြိုသဘောတူညီမှုရရှိဖို့ ဆွေးနွေးခွင့်ရရှိမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က