နည်းဗျူဟာကို ဆုံးဖြတ်ပြီးမှသာ သိရမယ်လို့ ပြောခဲ့တာပါ။

အာဆင်နယ်ကြယ်ပွင့် အိုဇေးလ်ဟာ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပေမယ့် အိုဇေးလ်ဟာ မြောက်လန်ဒန် ဒါဘီပွဲစဉ်အတွက် အာဆင်နယ်အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ချန်လှပ်ထားလို့ မရလောက်တဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပုံမရပါဘူး။

ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ အိုဇေးလ်ဟာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့သလို အသင်းဖော် မစ်ခီတာယန်း ဂိုးသွင်းယူနိုင်အောင်လည်း ဖန်တီးပေးခဲ့သူဖြစ်ပါတယ်။



အိုဇေးလ်ဟာ ၎င်းရဲ့အကောင်းဆုံးပုံစံကို ပြန်လည် ရရှိနေပေမယ့်လည်း နည်းပြအမ်မရီက ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအသားပေးတဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ပွဲစဉ်တွေမှာ အိုဇေးလ်ကို အသုံးပြုဖို့ သတိထားရမယ်လို့ ယုံကြည်နေဆဲပါ။

နည်းပြအမ်မရီဟာ စပါးအသင်းနဲ့ပွဲစဉ်မှာ အိုဇေးလ်ကို ပွဲထွက်ကစားစေမလားဆိုတာကို ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း ပြောကြားခဲ့ပြီး လက်ရှိအချိန်မှာ အိုဇေးလ်ဟာ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ချန်လှပ်ထားလို့မရနိုင်တဲ့ကစားသမားဖြစ်နေပြီလားလို့ သတင်းထောက်က မေးမြန်းခဲ့ရာမှာ အမ်မရီက “ဒီပွဲကို ခွဲခြမ်းစိတ်ဖြာဖို့အတွက် ကြည့်နေခဲ့ပါတယ်။ တော့တင်ဟမ်နဲ့ပွဲကိုလည်း စောင့်ကြည့်သွားမှာပါ။ သူတို့နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်အတွက် ကျွန်တော့်ရဲ့နည်းဗျူဟာကို ဆုံးဖြတ်ပြီးတော့မှပဲ ပြောနိုင်မှာပါ”

“ကျွန်တော်တို့ ကစားသမားတိုင်းကို လိုအပ်ပါတယ်။ ကစားသမားတိုင်းက အရန်ခုံမှာရှိနေပြီး သူတို့ဆီကနေ ကြီးမားတဲ့ကတိကဝတ်ကို ကျွန်တော်တို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ မြင့်မားတဲ့စွမ်းဆောင်ရည်နဲ့ ကစားနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ကို ကူညီဖို့ ကစားသမားအားလုံးကို လိုချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က