ဒီကနေ့ညမှာ ရှက်တာဒိုးနက်စ်နဲ့ ချန်ပီယံလိဂ်ပွဲကစားရပါမယ်။

ခံစစ်မှာ ဂျွန်စတုန်းအပြင် လာပု့ိတ်ကိုလည်း လက်လွှတ်ထားရလို့ ဗဟိုခံစစ်မှူး စစ်စစ်အဖြစ် အိုတာမန်ဒီ တစ်ဦးတည်းသာ ကျန်ရှိနေပါတော့တယ်။

မန်စီးတီးအသင်းရဲ့ အင်္ဂလန်လက်ရွေးစင် နောက်ခံလူ ဂျွန်စတုန်းကတော့ လေ့ကျင့်ရေးကွင်းမှာရခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် ၄ ပတ်ကနေ ၅ ပတ်အထိ အနားယူရတော့မယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။





အင်္ဂါနေ့က ယူကရိန်းမှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ဒဏ်ရာရခဲ့တာ ဖြစ်ပြီး ဒီဒဏ်ရာကြောင့် ရှက်တာဒိုးနက်စ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲကို လွဲချော်ခဲ့ရပြီ ဖြစ်ပါတယ်။

မန်စီးတီးအနေနဲ့ အခြားသော နောက်ခံလူ တစ်ဦးဖြစ်တဲ့ လာပို့တ်ကိုလည်း လာမယ့် ဇန်နဝါရီ(သို့)ဖေဖော်ဝါရီ လထိ လက်လွှတ်ထားရပါသေးတယ်။

လက်ရှိမှာတော့ ဗဟိုနောက်ခံလူ စစ်စစ်အဖြစ် အိုတာမန်ဒီတစ်ဦးတည်းသာ ကျန်ရှိတော့ပြီး ခက်ခဲတဲ့ ကာလကို မန်စီးတီး ဖြတ်ကျော်ရတော့မှာပါ။

“ နည်းပြ တစ်ယောက်အတွက် မယုံကြည်နိုင်စရာ စိန်ခေါ်မှုတွေ ရောက်လာခဲ့ပါပြီ။ ဒါပေမယ့် လူတွေက ကျွန်တော်တို့ရဲ့ စုဖွဲ့မှုနဲ့ ခံယူချက်ကိုတောာ့ ကောင်းကောင်း သိနိုင်မှာမဟုတ်ပါဘူး။ ဒီပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းသွားမှာပါ။” လို့ ဂါွဒီယိုလာက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်။

မန်စီးတီးအနေနဲ့ ရှက်တာနဲ့တွေ့ဆုံအပြီး အာဆင်နယ်ကို နောက်ကနေ သရေလိုက်ကစားနိုင်ခဲ့တဲ့ ဝက်ဖို့်ဒ် အသင်းနဲ့ လိဂ်ပွဲစဉ်အဖြစ် ဆက်လက်ကစားရမှာပါ။

အဲ့နောက် ချန်ပီယံရှစ်က ပရက်စတန်အသင်းနဲ့ လိဂ်ရှုံးထွက် တတိယအဆင့်အဖြစ် ဆက်လက်ကစားရမှာ လည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က