ဒီနေ့မေလ၂၉ ရက် ည ၈ နာရီမှာ မလေးရှားပြန်တစ်ဦးမှာ ရောဂါပိုးတွေ့ရှိပြီး ပိုးကင်းစင်သူ ၄ ဦးထပ်တိုးခဲ့တာပါ။

စစ်ကိုင်းတိုင်းက COVID-19 ပိုးကူးစက်ခံရသူ နောက်ဆုံးလူနာဖြစ်တဲ့ လူနာအမှတ် ၁၄၅ ရောဂါပျောက်ကင်းသွားပြီးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မေလ ၂၉ ရက် ည ၈ နာရီမှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ ပိုးတွေ့လူနာ (၇) ဦးရှိတဲ့အထဲမှာ ကလေးမြို့နယ်က (၆) ဦးမှာယခင် ရောဂါပျောက်ကင်းစာရင်းမှာပါဝင်ထားတာကြောင့် အခုနောက်ဆုံးကျန်တဲ့ အိန္ဒိယက ပြန်လာသူ လူနာအမှတ် ၁၄၅ ကလည်း ရောဂါပျောက်ကင်းသွားပြီဖြစ်လို့ စစ်ကိုင်းတိုင်းမှာ ပိုးတွေ့လူနာတစ်ဦးမှ မရှိတော့တာလည်းဖြစ်ပါတယ်။



Photo- ရောဂါပျောက်ကင်းသွားတဲ့ လူနာအမှတ် ၁၄၅ ယနေ့မေလ ၂၉ ရက်မှာ ဆေးရုံကဆင်းခွင့်ရစဉ်။ 

ဒီနေ့ည ၈ နာရီထုတ်ပြန်ချက်အရ စစ်ကိုင်းကလူနာအမှတ် ၁၄၅ အပြင် လူနာအမှတ် ၁ နဲ့ ထိတွေ့ဆက်စပ်သူ တီးတန်ဆေးရုံက လူနာအမှတ် ၇၈၊ Pan Pacific ဟိုတယ်ဝန်ထမ်းတွေရဲ့ ကွင်းဆက်တွေကတစ်ဆင့် လူနာအမှတ် ၉၃ ကနေ ထပ်ဆင့်ကူးစက်ခံရသူ လူနာအမှတ် ၁၃၈၊ ကွယ်ကဘောဆေးရုံ သူနာပြုတွေကတစ်ဆင့်ကူးစက်ခံရသူ အင်းစိန် ခဝဲခြံ (၂) လမ်းက လူနာအမှတ် ၁၆၈ တို့ဟာလည်း ရောဂါပျောက်ကင်းသွားပြီ ဖြစ်ပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံက ပြန်လာတဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ COVID-19 ပိုးတွေ့ရှိရတယ်လို့လည်း ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဆိုပါ အမျိုးသားဟာ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး မလေးရှားက ပြန်လာပြီး ပုသိမ်မြို့မှာ အသွားအလာကန့်သတ်ထားသူတစ်ဦးဖြစ်ကာ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူမယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ မလေးရှားကပြန်လာသူ ၁၂ ဦး အထိ ရောဂါပိုးတွေ့ရှိထားခဲ့ပြီး မေလ ၁၆ ရက်ကနေ မေလ ၂၉ ရက်အထိ ပြည်ပကပြန်လာသူ ၂၅ ဦးမှာ ရောဂါပိုးတွေ့ရှိထားပြီးဖြစ်ပါတယ်။ ပိုးတွေ့ထားတဲ့ ပြည်ပ ၂၅ ဦးကတော့ မလေးရှားက ပြန်လာသူ ၁၂ ဦး၊ ယူအေအီးက ပြန်လာသူ ၈ ဦး၊အိန္ဒိယက ပြန်လာသူ ၄ ဦးနဲ့ အီတလီက ပြန်လာသူ ၁ ဦး တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ မေလ ၁၆ ရက်နောက်ပိုင်းကစလို့ ပြည်တွင်းမှာ အချင်းချင်းကူးစက်မှုမရှိတာ ၁၂ ရက်မြောက် ရှိလာခဲ့ပြီး ပိုးတွေ့လူနာ ၂၀၇ ဦးရှိတဲ့အထဲက ရောဂါပိုးကင်းစင်သူ ၁၃၀ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိခဲ့တာကြောင့် လက်ရှိလူနာ ၇၁ ဦးသာ ကျန်ရှိတော့တယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က