• စစ်တမ်းတွေအရ ရိုမီယိုက မန်ယူသမိုင်းမှာ အကောင်းဆုံး ဂိုးသမား ဖြစ်လာ

ဒီနှစ်မှာ မန်ယူအတွက် ၆ ပွဲ ကစားပေးထားပြီး ၃ ပွဲက ပေးဂိုးမရှိပါဘူး။

ပေးဂိုးမရှိ ရာခိုင်နှုန်း ၆၄.၂ ရာခိုင်နှုန်းရှိပြီး အမြင့်ဆုံး အနေအထားမှာ ရှိနေတာကြောင့်လည်း ဒီဂီယာ၊ ဗန်ဒါဆားနဲ့ ရှမိုက်ကယ်တို့ကိုကျော်ဖြတ်ပြီး မန်ယူသမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးသမား ဖြစ်လာတာပါ။

image

ချဲလ်ဆီးကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ ပွဲထွက်ဖမ်းခဲ့တဲ့ အာဂျင်တီးနား ဂိုးသမား ရိုမီယိုဟာ စစ်တမ်းတွေအရ မန်ယူအသင်းသမိုင်းမှာ အကောင်းဆုံး ဂိုးသမားဖြစ်တယ်လို့ Fox Sports Asia သတင်းဌာန ကဖော်ပြပါတယ်။ ရိုမီယိုအနေနဲ့ မန်ယူအသင်းမှာ ပွဲစဉ်ပေါင်း ၄၂ ပွဲပါဝင် ကစားထားပြီး ၂၇ ပွဲကို ပေးဂိုးမရှိ ကစားထားနိုင်ကာ ဒီမှတ်တမ်းကောင်းဟာ ပေးဂိုးမရှိတဲ့ ရာခိုင်နှုန်းအားဖြင့် ၆၄.၂ ရာခိုင်နှုန်းအထိ ရှိနေတာလို့လည်း သိရပါတယ်။

image

အခုလို ရာခိုင်နှုန်းဟာ ၃ ပွဲနှင့်အထက် ကစားသမားထားတဲ့ မန်ယူအသင်း ဂိုးသမားတွေထဲမှာ အမြင့်ဆုံး စွမ်းဆောင်ရည်လည်း ဖြစ်နေတာပါ။ ရိုမီယိုက လက်ရှိ လက်စွမ်းအမြင့်ဆုံးလို့ ပြောလို့ရမယ့် ဒီဂီယာ၊ ဗန်ဒါးဆား၊ ပီတာရှမိုက်ကယ်တို့ကို လည်းကျော် ဖြတ်ထားနိုင်တာပါ။ ရိုမီယိုဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းရဲ့ ပထမဦးစားပေး ဂိုးသမားဖြစ်ပြီး နိုင်ငံအတွက်လည်း ၉၆ ပွဲ ပါဝင်ကစားထားပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ဆမ်ဒီုရီးယားအသင်းကနေ ရောက်လာပြီးနောက်ပိုင်း မန်ယူမှာ ဒီဂီယာကိုကျော်လွန်ပြီး နေရာမရနိုင်သေးပါဘူး။ ဒီနှစ်ဘောလုံးရာသီမှာတော့ မန်ယူအတွက် ၆ ပွဲသာ ပွဲထွက်ထားနိုင်သေးပေမယ့် ၃ ပွဲက ပေးဂိုးမရှိ စွမ်းဆောင်ထားနိုင်တာက အထင်ကြီးစရာပါ။

မော်ရင်ဟိုရဲ့ ပထမရာသီ ယူရိုပါလိဂ်ပွဲစဉ်တွေမှာတော့ ပထမဦးစားပေး ဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရခဲ့ပါသေးတယ်။ ဒါပေမယ့် ဆိုးလ်ရှားလက်ထက်မှာတော့ အခု အက်ဖ်အေဖလားပွဲကို ပွဲထွက်က်ကစားရပြီးနောက် ဝုလ်နဲ့ပွဲမှာရော ဆက်လက် ပွဲထွက်နိုင်မလား စောင့်ကြည့်သွားရမှာပါ။

Share

Loading Next Article...
က္က