Google ရဲ့ Android upgrades သစ်ကို တရားဝင်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် Android 11 နဲ့ စာရင် ထွက်ရှိချိန် နောက်ကျခဲ့တဲ့ Android 12 သစ်ဟာ Personalised interface သစ် ၊ လုံခြုံရေးပိုင်း control shortcuts ၊ ကိုယ်ရေးကိုယ်တာပိုင်း အသိပေးချက် labels သစ် စတဲ့ အပြောင်းအလဲသစ်တွေနဲ့ ထွက်လာတာပါ။ ဖုန်း performance ပိုင်းနဲ့ ပတ်သက်ပြီး Android 12 မှာ ပိုကောင်းအောင် ပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။ Android 12 ဟာ core systems services အတွက် သုံးတဲ့ CPU Time ကို ၂၂% လျှော့ချပေးနိုင်ပြီး system server အတွက် big cores အသုံးပြုမှုကို ၁၅% လျှော့ချနိုင်မယ်လို့လည်း ဆိုပါတယ်။

Photo: deccanherald
Android 12 မှာ စိတ်ဝင်စားစရာ Features တွေအနေနဲ့ Digital Key Feature သစ် ပါလာမှာပါ။ ဒီ features က NFC ဒါမှမဟုတ် UWB (Ultra-Wideband) တစ်ခုခု သုံးပြီး ကားတွေကို Unlock လုပ်နိုင်မှာပါ။ Digital Key support ပေးတဲ့ ကားတွေထဲမှာ BMW ကားတွေက ပထမဆုံး support ရတဲ့ ကားတွေ ဖြစ်လာမှာပါ။ ဖုန်းအနေနဲ့ Samsung နဲ့ Pixel flagship ဖုန်းတွေမှာ ကနဦး သုံးနိုင်မှာ ဖြစ်ပါတယ်။
Android 12 ရတဲ့ အန်းဒရိုက်ဖုန်းတွေမှာ Fast Pair ချိတ်ဆက်မှုပါလာမှာပါ။ Fast Pair ဟာ earbuds တွေ ၊ စပီကာတွေ ၊ ဝတ်ဆင်နိုင်တဲ့ ထုတ်ကုန်နဲ့ ကားတွေကို Android ဖုန်းနဲ့ Single Tab နှိပ်ပြီး အလွယ်တကူချိတ်ဆက်နိုင်မှာပါ။ Privacy ပိုင်းမှာ apps အလိုက် ဘယ်ဒေတာတွေ ယူနေတယ် ၊ ဘယ်လို ယူတယ်ဆိုတာကို ပြနိုင်သလို app permission ပေးထားတာကို အလွယ်တကူ ပြန်ပြီး ရုပ်သိမ်းနိုင်စေမယ့် Privacy Dashboard လည်း ပါဝင်လာပါတယ်။
Google ရဲ့ နောက်ဆုံးထွက် Mobile OS ကို Google Pixel ဖုန်းတွေနဲ့အတူ Galaxy S series / A series ၊ Note series ၊ Galaxy Foldable ထုတ်ကုန်တွေနဲ့ Samsung တက်ဘ်လက်တွေမှာ တင်နိုင်မှာ ဖြစ်သလို Nokia XR 20 ၊ Xiaomi Mi 111 series ၊ OnePlus 9/9 Pro ၊ Nord 2 ၊ OPPO Find X3 Pro ၊ Realme GT ၊ TCL 20 Pro 5G ၊ iQOO 7 Legend ၊ Asus Zenfone 8 ၊ Sharp Aquos Sense 5G နဲ့ ZTE Axon 30 Ultra 5G ဖုန်းတွေမှာ သုံးနိုင်မယ်လို့ တရားဝင်ကြေညာထားပါတယ်။