• Star Awards ဆုပေးပွဲအပေါ် ပြေတီဦးရဲ့ သဘောထား

ဇာတ်လမ်းတွဲဆုပေးတာကလည်း ကောင်းပါတယ်။

Star Awards ဆုပေးပွဲမှာတော့ ရုပ်သံဇာတ်လမ်းတွဲတွေအတွက် ဆု ချီးမြှင့်တဲ့အစီအစဉ်ပါဝင်တဲ့အပေါ် ပြေတီဦးရဲ့ သဘောထားကို အခုလိုပြောပြလာပါတယ်။ ဒီပွဲကတော့ ပရိသတ်တွေရဲ့ ဆန္ဒနဲ့ ထပ်တူကျမယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။


image

ပြေတီဦးကတော့ Star Awards ဆုပေးပွဲကို တက်ရောက်လာတဲ့အချိန်မှာ ဇာတ်လမ်းတွဲဆုပါ ပေးမယ်လို့ သိရတဲ့အပေါ် သူ့ရဲ့ သဘောထားကိုပြောပြလာပါတယ်။ မျိုးစက်သစ်တွေအတွက်လည်း ကြိုးစားချင်စိတ်ရှိတယ်လို့ မီဒီယာအင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။

‘’အရမ်းကောင်းပါတယ်။ မျိုးစက်သစ် အနုပညာရှင်တွေက ဇာတ်လမ်းတွဲတွေမှာရှိကြတယ်လေ။ အဲဒီအပေါ်မှာ ဆုပေးလိုက်တာဆိုတော့ သူတို့အတွက် ရင်ခုန်စရာတစ်ခုဖြစ်သွားတယ်။ အဲဒါကြောင့် နောက်နှစ်တွေမှာ ပိုပြီးတော့ ကြိုးစားချင်တဲ့စိတ်တွေဖြစ်လာကြမယ်။ အပြုသဘောဆောင်တဲ့ အရာလေးတွေဖြစ်တာကြောင့်လည်း သဘောကျပါတယ်’’ လို့ ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက Star Awards ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: Pyay Ti Oo

အဲဒီနောက် ဒီပွဲကိုလည်း သူကိုယ်တိုင် ဆုရရှိသူတွေကို အားပေးဖို့ တက်လာတာ လို့ ပြေတီဦးက ဆိုပါတယ်။ ပရိသတ်တွေ ဆန္ဒနဲ့ ထပ်တူကျစေမယ့် ပွဲ ဖြစ်ဖို့ကိုလည်း မျှော်လင့်ပါတယ်တဲ့။


‘’ဒီပွဲမှာ ဆုရမယ့်သူတွေက ပရိသတ်တွေက ပရိသတ်လည်းရစေချင်တဲ့ ပုံစံမျိုးတွေဖြစ်မယ်လို့ မျှော်လင့်တာပေါ့နော်။ ကျွန်တော်လည်း သိတော့ မသိပါဘူး။ ကျွန်တော်ကတော့ ပရိသတ်တွေ အားပေးလက်ခံနိုင်အောင် အမြဲတမ်း ကြိုးစားနေပါတယ်’’ လို့ သူကဆိုပါတယ်။

Star wards ပွဲကိုတော့ ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက သုဝဏ္ဏဘူမိ Even Park မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲကိုတော့ ရုပ်ရှင်လောကသားများစွာတို့ကလည်း တက်ရောက်ချီးမြှင့်ခဲ့ကြတာဖြစ်ပါတယ်။ Star Awards ဆုပေးပွဲမှာတော့ ဆုစာရင်း စုစုပေါင်း ၂၁ ဆုကို ပေးခဲ့တာ တွေ့ရပါတယ်။

ပြေတီဦး (Pyay Ti Oo) ဟာ ၁၉၇၈ခုနှစ် နိုဝင်ဘာ(၃၀)ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သားသမီးသုံးယောက်ထဲမှာ အလတ်တစ်ယောက် ဖြစ်ပါတယ်။ ပြေတီဦးဟာ စက်မှုတက္ကသိုလ်ကျောင်းသားဘဝထဲက သရုပ်ဆောင်ပညာကို ဝါသနာပါခဲ့သူပါ။

၁၉၉၈ ခုနှစ်လောက်မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) က ပြုလုပ်တဲ့ သရုပ်ဆောင်ရွေးချယ်ပွဲ အစီအစဉ်မှာ ရွေးချယ်ခံခဲ့ရပြီးတဲ့နောက် MRTV က ထုတ်လွှင့်တဲ့ ဇာတ်လမ်းတိုတွေနဲ့ မြန်မာစာမြန်မာစကား အစီအစဉ်မှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

Photo: Pyay Ti Oo

အဲဒီနောက် သူ့ကို ၂၀၀၀ ပြည့်နှစ်များ အလယ်လောက်မှ ဗီဒီယိုဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသားအဖြစ် ပြန်လည် မြင်တွေ့ရကာ ပရိသတ်ရဲ့ နှစ်ခြိုက်လက်ခံမှုကို ရရှိလာခဲ့ပါတယ်။ ပြေတီဦးဟာ ၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က