• ဩစတြေးလျမှာ အပူဆုံးနေ့အဖြစ် ထပ်မံ စံချိန်သစ်တင်

သုံးရက်အတွင်း အပူဆုံးနေ့အဖြစ် နောက်ထပ် စံချိန်သစ်တင်ခဲ့ပါတယ်။

ဩစတြေးလျမှာ သုံးရက်အတွင်း အပူဆုံးနေ့အဖြစ် နောက်ထပ် စံချိန်သစ်တင်မှုကို ဒီဇင်ဘာ ၁၉ ရက်နေ့က ကြုံတွေ့ခဲ့ရပြီး ပျမ်းမျှ အမြင့်ဆုံးအပူချိန် ၄၁.၉ ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့ရာ ယခင်စံချိန်တင်ထားမှုထက် တစ်ဒီဂရီဆဲလ်စီးယပ် မြင့်တက်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

image

(Photo: Matrix News/Daily Mail Australia)

ဒီဇင်ဘာ ၁၇ ရက်နေ့က ဩစတြေးလျမှာ အပူဆုံးနေ့အဖြစ် နောက်ဆုံးစံချိန်တင်ထားခဲ့ပြီး အပူချိန် ၄၀.၉ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ထိုနေ့မတိုင်မီ ဩစတြေးလျရဲ့ အပူဆုံးနေ့အဖြစ် စံချိန်တင်ထားခဲ့မှုဟာ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့ကဖြစ်ပြီး ထိုစဥ်က အပူချိန်ဟာ ၄၀.၃ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ခဲ့ပါတယ်။



ဩစတြေးလျမိုးလေဝသဌာန Bureau of Meteorology (Bom) က ထုတ်ပြန်မှုအရ ဒီဇင်ဘာ ၁၉ ရက်ဟာ ၄၅ နှစ်အတွင်း နိုင်ငံရဲ့ အပူဆုံးဒီဇင်ဘာနေ့ ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။ ဩစတြေးလျ နေရာအများအပြားမှာ ဒီဇင်ဘာလ အပူချိန်များ စံချိန်သစ်တင်ခဲ့ကြောင်း Bom က ပြောပါတယ်။

(Photo: Getty Images)

ဩစတြေးလျတောင်ပိုင်း Adelaide မြို့မှာ အပူချိန် ၄၅.၃ ဒီဂရီဆဲလ်စီးယပ်နဲ့ Nullarbor ဒေသမှာ အပူချိန် ၄၉.၉ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ပါတယ်။ ဩစတြေးလျတောင်ပိုင်း နေရာဒေသမှာ အပူလှိုင်းကြောင့် စံချိန်တင် အပူချိန်မြင့်တက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး မကြုံစဖူး အကြီးအကျယ် တောမီးလောင်မှုတွေ ပိုမိုဖြစ်ပွားစေခဲ့ပါတယ်။

New South Wales (NSW) ပြည်နယ်မှာ စံချိန်တင် အပူလှိုင်းဖြတ်သန်းမှုကြောင့် မကြုံစဖူး တောမီးလောင်မှုတွေ ပိုမိုပြင်းထန်ဆိုးရွားလာပြီးနောက် ယမန်နေ့ (ဒီဇင်ဘာ ၁၉ ရက်) က အဆိုပါပြည်နယ်ကို ခုနစ်ရက်ကြာ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ NSW ပြည်နယ်အတွင်း မီးလောင်မှု ၁၀၀ ခန့် ဖြစ်ပွားနေခဲ့မှုဟာ သီတင်းပတ်ကြာမြင့်ခဲ့ပြီးဖြစ်ပြီး မီးလောင်မှုအရေအတွက် ထက်ဝက်ကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။

(Photo: Getty Images)

ဆစ်ဒနီမြို့အနီးမှာလည်း တောမီးလောင်မှု အကြီးအကျယ် ဖြစ်ပွားနေခဲ့ပြီး ကျန်းမာရေးအန္တရာယ်ရှိတဲ့ မီးခိုးများက တစ်မြို့လုံးကို ဖုံးလွှမ်းနေခဲ့ပါတယ်။ ဩစတြေးလျတောမီးလောင်မှုကို အမေရိကန်နဲ့ ကနေဒါတို့မှအဖွဲ့များ၊ ဩစတြေးလျကာကွယ်ရေးတပ်ဖွဲ့မှ စစ်သည်များရဲ့ အကူအညီနဲ့အတူ မီးသတ်သမား ၂,၀၀၀ က ကြိုးပမ်းငြှိမ်းသတ်နေကြကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

ဩစတြေးလျနိုင်ငံတစ်ဝှမ်း အနည်းဆုံး မြေဧက ၇.၄ သန်းမှာ တောမီးများ ကူးစက်လောင်ကျွမ်းခဲ့ပြီး လူခြောက်ဦး သေဆုံးခဲ့ကာ နေအိမ် ၈၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရပါတယ်။ ဩစတြေးလျမှာ တောမီးလောင်မှုတွေ နှစ်စဥ် ဖြစ်ပွားလေ့ရှိပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မီးလောင်မှုဟာ ပိုမိုပြင်းထန်လာကြောင်း သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က