ဟောင်ကောင်စမတ်ဖုန်းကုမ္ဗဏီ Infinix Mobile ဟာ ကျောဘက်မှာ သုံးလုံးတွဲကင်မရာ သုံးထားတဲ့ Note 6 သစ်ကို ကြေညာလိုက်ပါတယ်။
Photo: PhoneBunch
မျက်နှာပြင် အရွယ်အစား ၆.၀၁ လက်မရှိတဲ့ Infinix Note 6 ဟာ FHD+ ရုပ်ထွက်ပါတဲ့ AMOLED display နဲ့လာတာ ဖြစ်လို့ရုပ်ထွက်အရည်အသွေးပိုင်းမှာ ထိပ်တန်းအဆင့်ရှိတဲ့ ဖုန်းတစ်လုံးလို့ဆိုနိုင်ပါတယ်။ ကျောဘက်မှာ Fingerprint Scanner တစ်လုံးနဲ့အတူ ထောင်လိုက် triple lens တွေ သုံးထားပါတယ်။
display ဒီဇိုင်းဟာ ပါးလွှာတဲ့ bezel ဘောင်ကွပ်ထားတဲ့ ဒီဇိုင်းမျိုးဖြစ်ပြီး ဘေးဘောင်တွေကိုတော့ ပါးနိုင်သမျှ ပါးထားတာဖြစ်ပါတယ်။ performance ပိုင်းမှာ 2.3GHz MediaTek P35 Octa-core processor ကိုမှ PowerVR GE8320 CPU သုံးလာတာ ဖြစ်ပါတယ်။ ဒီ CPU/GPU အတွဲနဲ့အတူ 4GB RAM/64GB storage ပါပြီး microSD card ကနေ 256GB အထိ ထပ်တိုးနိုင်မှာပါ။
ရှေ့ဘက်မှာ 16MP ကင်မရာ ၊ ကျောဘက် 16MP ပင်မကင်မရာ နဲ့8MP wide-angle lens ၊ 2MP depth sensor ဆိုပြီး သုံးလုံးတွဲကင်မရာစနစ်တွေ ပါဝင်လာပါတယ်။ Infinix Note 6 ဟာ Android 9 Pie ကို အခြေခံထားတဲ့ XOS 5.0 နဲ့လာပြီး အရောင်အနေနဲ့Midnight Black ၊ Mocha Brown နဲ့Aqua Blue ကာလာ ၃ ရောင်နဲ့ထွက်ထားပါတယ်။
Photo: Pricebaba
အပြာရောင်မော်ဒယ်မှာ ရွှေရောင် ပါဝါခလုတ်ပါပြီး ဖုန်းသုံးမျိုးစလုံးဟာ microUSB port ကနေ အားသွင်းနိုင်မယ့် 4000 mAh ဘက်ထရီသုံးထားတာ ဖြစ်ပါတယ်။ Infinix ကတော့ ဒီဘက်ထရီဟာ အားတစ်ခါ အပြည့်သွင်းထားမယ်ဆိုရင် ၃ ရက်အထိ အထားခံတဲ့ဘက်ထရီလို့ကြေညာထားပါတယ်။
ယူဂန်ဒါလို တောင်အာဖရိကနိုင်ငံတွေမှာ ဒီဖုန်းကို ယူဂန်ဒါသျှီလင် ၇၅၀၀၀၀ ( မြန်မာငွေ ၃ သိန်းကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။