Snapdragon 870 chipset သုံးထားတဲ့ မြန်မာငွေ ၆ သိန်းခွဲဝန်းကျင်တန် OPPO Pad ကို တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
OPPO ရဲ့ ပထမဆုံးတက်ဘလက်သစ် OPPO Pad ဟာ သတ္ထုဖရိမ်နဲ့ ဗြုတ်ပါတဲ့ ကျောဘက် Frosted Glass မှန်နဲ့ တည်ဆောက်ထားတာပါ။ ထု ၆.၉၉ မီလီမီတာ ထူပြီး အလေးချိန် ၅၀၇ ဂရမ် လေးပါတယ်။ OPPO Pad နဲ့ တွဲသုံးဖို့ OPPO Pencil Stylus တစ်ခုလည်း ထုတ်ထားပါတယ်။

Photo: GSMArena
၁၁ လက်မဆိုဒ် OPPO Pad ဟာ LTPS LCD Display အမျိုးအစားဖြစ်ပြီး 2560 x 1600px ရုပ်ထွက်ပါရှိပြီး Screen Refresh Rate 120Hz သုံးထားပါတယ်။ လေးဘက်လေးတန် အချိုးကျတဲ့ Bezel တွေနဲ့ လာပြီး ဘေးဘောင် Side Bezel မှာ 8MP Selfie ကင်မရာ ထည့်ထားပါတယ်။ ကျောဘက်ကင်မရာ 13 နဲ့ တွဲလျက်ဘက် ထောင်လိုက်တခြမ်းမှာ Dual-Ton နှစ်ရောင်စပ်ကိုမှ စာလုံးကြီးတွေနဲ့ OPPO တံဆိပ်ကို ထည့်သွင်းထားပါတယ်။
OPPO Pad ဟာ Dolby Atmos နဲ့ Hi-Res Audio ထောက်ခံချက်ရထားတဲ့ စပီကာ ၄ လုံးတပ် တက်ဘလက်ဖြစ်လို့ အသံပိုင်းမှာလည်း ရှင်းလင်းပြတ်သားမှုကို ခံစားရမှာပါ။ Snapdragon 870 Chipset ဟာ 6/8GB RAM နဲ့ 128/256GB Storage ဗားရှင်းအမျိုးမျိုးနဲ့ ထွက်ထားပါတယ်။ ဘက်ထရီပါဝါ 8300mAh ဟာ 33W Fast Charging ပံ့ပိုးထားတယ်လို့ ဆိုပါတယ်။
ဒီတက်ဘလက်ဟာ OPPO ရဲ့ တချို့ဖုန်းတွေနဲ့ Multi-Screen ပေါင်းပြီး တက်ဘလက်မျက်နှာပြင်ပေါ် ဖိုင်အမြန်ပေးပို့ပြီး ဖုန်းထဲကအတိုင်း သုံးနိုင်အောင်လည်း လုပ်ထားပါတယ်။ ColorOS 12 ကို အခြေခံထားတဲ့ တက်ဘလက်အတွက် ကိုယ်ပိုင် ColorOS for Pad Interface နဲ့လာပြီး Android 11 ပေါ်မှာ ဒီ Custom Interface က အလုပ်လုပ်ပါတယ်။
Photo: GSMArena
OPPO Pencil Stylus က ဖိအားသိမှု 4096 levels အထိ ရှိပြီး သံလိုက် Magnet ကနေတစ်ဆင့် တက်ဘလက်နဲ့ ချိတ်ဆက်နိုင်မှာပါ။ Magnetic Charging နည်းပညာနဲ့ အားတစ်ခါသွင်းထားရင် ဒီ Stylus က ၁၃ နာရီအထိ အားခံမှာ ဖြစ်ပါတယ်။ OPPO Pencil Stylus နဲ့ Keyboard Case တွေကို ယွမ် ၅၀၀ (မြန်မာငွေ ၁ သောင်းခွဲခန့်) နဲ့ ယွမ် ၄၀၀ (မြန်မာငွေ ၁၂၀၀၀ ခန့်) ဈေးတွေနဲ့ သီးသန့်ရောင်းချသွားမှာပါ။
အနက် ၊ ခရမ်းနဲ့ ငွေဖြူရောင် Artist Edition ကာလာ ၃ ရောင်နဲ့လာပြီး တရုတ်ဈေးကွက်မှာ 6/128GB ဗားရှင်းကို ၂၂၉၉ ယွမ် (မြန်မာငွေ ၆ သိန်းခွဲခန့်) ဈေးကနေ အမြင့်ဆုံး 8/256GB ဗားရှင်းကို ယွမ် ၃၀၀၀ (မြန်မာငွေ ၉ သိန်းအထိ) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။