ကောက်ရတဲ့လူက ပိုင်ဆိုင်ခွင့်ရမှာပါ။

စိုင်းစိုင်းက ပျောက်ကျသွားတဲ့ သူ့ရဲ့ ဆွဲကြိုး အိတ် ၇ အိတ်ကို ကောက်ရတဲ့ ပရိသတ်တွေကို Sai Sai Mandalay Show ပွဲ VIP လက်မှတ် ပေးမယ်လို့ ဆိုပါတယ်။ Show ပွဲကိုတော့ မေလ ၂၅ ရက်နေ့ မန္တလေး မင်္ဂလာသီရိကွင်းမှာ ပြုလုပ်သွားမှာပါ။

Photo: Amazing Grace

စိုင်းစိုင်းက သူ့ရဲ့ ဆွဲကြိုးထည့်ထားတဲ့ အိတ် ၇ အိတ်ကျပျောက်သွားတာကြောင့် ကောက်ရထားတဲ့ ပရိသတ်တွေအနေနဲ့ ဒီဆွဲကြိုးကို ပိုင်ဆိုင်ခွင့်ရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖျော်ဖြေပွဲလက်မှတ်ပါ ရမယ်လို့ဆိုပါတယ်။

‘’မနက်က ကျွန်တော့်သူငယ်ချင်းတစ်ယောက် ကျုံးအရှေ့ဘက်ခြမ်းမှာ လမ်းလျှောက်ရင်း ကျွန်တော့်ဆွဲကြိုးထည့်ထားတဲ့ အိတ် ၇ အိတ် ကျပျောက်ခဲ့ပါတယ်။ ဆွဲကြိုး ကောက်ရသူ မည်သူမဆို ဒီနေ့ညနေ OMG မှာ ဆွဲကြိုးပြပြီး VIP Standing ticket လာရောက်ထုတ်ယူနိုင်ပါတယ်။ ဆွဲကြိုးလည်း အမှတ်တရ သိမ်းထားနိုင်ပါတယ်။ #SaiSaiMandalayShow #SaiMdy19 #မိုးရွာလည်းဆိုမှာပဲ Sai Sai Kham Leng’’ ဆိုပြီးတော့ မေလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၆ မိနစ်က သူ့ရဲ့ Facebook Page မှာ ရေးသားထားတာ တွေ့ရပါတယ်။ ပျောက်သွားတဲ့ ဆွဲကြိုးရဲ့ ဓာတ်ပုံတွေကိုလည်း တင်ထားတာ တွေ့ရပါတယ်။

Photo: Sai Sai

Sai Sai Mandalay Show ပွဲကို မေလ ၂၅ ရက်နေ့ မန္တလာသီရိကွင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲကိုလည်း Sai Sai Birthday Show တုန်းကလိုပဲ ခမ်းခမ်းနားနား ကျင်းပပြုလုပ်သွားမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။ Show ပွဲ လက်မှတ်တွေကိုတော့ OMG , OZONE , 501 , မန်းသီရိ , လှိုင်း , ကြည်ပြာ တို့မှာ ဝယ်ယူရရှိနိုင်တယ်လို့ ဆိုပါတယ်။

Photo: Sai Sai

စိုင်းစိုင်း(Sai Sai)က ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: Team Sai

သူဟာ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က