နေ့လယ်ပိုင်းမှာတော့ ဘင်္ဂလားဒေရှ့်ကို ကုန်းတွင်းမုန်တိုင်းအဖြစ်ဝင်ရောက်တိုက်ခတ်မှာပါ။

အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့အနီးမှ ဖြတ်ကျော်ခဲ့တဲ့ အလွန့်အလွန် အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ဟာ ဆက်လက်ပြီး ကုန်းတွင်းမုန်တိုင်းအနေနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်းကို ရွေ့လျားနေတယ်လို့ သိရပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ ဘင်္ဂလားဒေရှ့်မှာ ကုန်းတွင်းမုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ပြီး ညနေပိုင်းမှာ အားပျော့ပျက်ပြယ်သွားနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။

“ဒီကနေ့ မနက်တိုင်းတာချက်အထိ မုန်းတိုင်းက လုံးဝအားပျော့ပျက်ပြယ်သွားတာမျိုးမဟုတ်ဘဲ အားအလွန်ကောင်းသောမုန်တိုင်းကနေ အပူပိုင်းမုန်တိုင်းအဖြစ်ရောက်ရှိတဲ့သဘောပါ။ဒီကနေ့ညနေပိုင်းမှသာ လုံးဝအားပျော့သွားတာမျိုးဖြစ်နိုင်တယ်။ မနေ့က အိန္ဒိယကို ဝင်ရောက်တိုက်ခတ်တဲ့ မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံမှာ လေပြင်းတိုက်ခတ်တာတွေ၊ မိုးကြီးတာတွေဖြစ်ခဲ့ပါတယ်။ အခုလည်းနောက်နှစ်ရက်အထိကတော့ မုန်တိုင်းရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံမှာတော့ ပြင်းပြင်းထန်ထန် မိုးရွာနေအုံးမှာပါ”လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

မုန်တိုင်းကနေ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် မြန်မာနိုင်ငံမှာတော့ ယခုရက်ပိုင်းအတွင်း မိုးရွာနေဦးမှာဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ချင်းပြည်နယ်၊ရခိုင်ပြည်နယ်တို့မှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်သလို၊ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်မှာတော့ နေရာအနှံ့အပြားမိုးရွာနိုင်သေးတယ်လို့ သိရပါတယ်။ 

ရန်ကုန်နှင့်အနီးတစ်ဝိုက်ကတော့ ဒီကနေ့ မိုးလေဝသခန့်မှန်းချက်အရ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။









Share

Loading Next Article...
က္က