ထွန်းထွန်းက နေတိုးနဲ့ ရင်းနှီးခဲ့တဲ့ သက်တမ်းတစ်လျှောက် အတွေ့အကြုံတွေနဲ့ မွေးနေ့ဆုတောင်းစကားဆိုလိုက်ပါတယ်။ အစ်ကိုကြီး ပီသတဲ့အကြောင်းတွေ ပြောလာပါတယ်။

Photo: Tun Tun
ဒီနေ့(စက်တင်ဘာလ ၉) ရက်နေ့ကတော့ ပြည်သူ့အချစ်တော် အကယ်ဒမီနေတိုးရဲ့ မွေးနေ့ပါ။ ဒါကြောင့် အနုပညာ ညီအစ်ကိုဖြစ်သူ အကယ်ဒမီ ထွန်းထွန်းကလည်း ဆယ်စုနှစ်အကြာခင်မင်ရင်းနှီးခဲ့တဲ့ အမှတ်တရတွေနဲ့ မွေးနေ့ဆုတောင်းပေးထားတာ တွေ့ရပါတယ်။
‘’Happy Birthday My Dear Brother Gyi !!! ဆယ်စုနှစ်တစ်ခုကျော်ခင်မင်ရင်းနှီးခဲ့ကြတယ် ခရီးပေါင်းများစွာ အလုပ်တွေများစွာအတူတူ လုပ်ခဲ့ကြတယ်။ အကြီးပီသတဲ့ ကျွန်တော့် အစ်ကိုကြီးကိုနေတိုး... အနုပညာကိုအရမ်းချစ်တဲ့သူကြီး။ နောင်နှစ်ပေါင်းမြောက်များစွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒ အကုန်ပြည့်ဝပါစေဗျာ’’ ဆိုပြီးတော့ စက်တင်ဘာလ ၉ ရက်နေ့ မနက် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။ အဲဒီနောက် နေတိုးနဲ့ သူ့ရဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။
Photo: Tun Tun
နေတိုးနဲ့ ထွန်းထွန်းတို့ အနုပညာညီအစ်ကို နှစ်ဦးဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ၊ ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့မှာ အတူတွဲ သရုပ်ဆောင်ခဲ့ကြတာတွေ့ရပါတယ်။ အဲဒီနောက် တီဗီကြော်ငြာတွေလည်း အတူတူ ရိုက်ကူးခဲ့ကြပါသေးတယ်။ လက်ရှိမှာလည်း ‘’နှင်းဆီ အငြိမ့်’’ ဆိုတဲ့ လူရွှင်တော်တွေထဲမှာ နေတိုးနဲ့ ထွန်းထွန်းတို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။
Photo: Tun Tun
နေတိုးဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။
Photo: Tun Tun
ထွန်းထွန်းကိုတော့ Examplez ဆိုတဲ့ Rapper အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။