• ထိုင်းလိဂ်ဖလားရတဲ့ ပထမဆုံး မြန်မာကစားသမားဖြစ်လာနိုင်တဲ့ အောင်သူ

ဘူရီယမ်တို့ အမှတ်ပေးဇယားကို ဦးဆောင်ထားတာပါ။

အောင်သူ ပါဝင်ကစားနေတဲ့ ထိုင်းလိဂ်ကလပ် ဘူရီယမ်ဟာ လက်ရှိအချိန်မှာ အမှတ်ပေးဖလားရဖို့ အနီးစပ်ဆုံး အခြေအနေတခုကို ရောက်ရှိနေပြီး လက်ကျန် (၅) ပွဲ ကျန်ရှိနေချိန်မှာ ဒုတိယနေရာက အသင်းကို (၁၂) မှတ် ဖြတ်ထားလိုက်ပြီဖြစ်ပါတယ်။

image

ထိုင်းလိဂ်ရဲ့ အင်အားကြီးကလပ် ဘူရီယမ်ဟာ နောက်ဆုံး (၄) ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့ပြီးနောက် အခုလိုမျိုး ချန်ပီယံဆုအတွက် အခြေအနေကောင်းသွားခဲ့တာဖြစ်ပါတယ်။ အောင်သူဟာ ပြီးခဲ့တဲ့ (၂၀၂၀) ဒီဇင်ဘာမှာ ဘူရီယမ်ကို စတင်ရောက်ရှိခဲ့ပြီး ချောင်ဘူရီကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ပထမဆုံး ပါဝင်ကစားပေးခဲ့ပါတယ်။

image

နာမည်ကြီးကစားသမားတွေများပြားနေတဲ့ ဘူရီယမ်မှာ အောင်သူအနေနဲ့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ပွဲကစားခွင့်ရရှိချိန်တွေကလည်း တော်တော်လေးကို နည်းပါးလွန်းခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အသင်းအတွက် ဝင်ကစားခွင့်ရချိန်တိုင်းမှာ အကောင်းဆုံးပုံစံပြသနိုင်ဖို့ ကြိုးစားခဲ့ပြီး နှစ်ဂိုးသွင်း၊ နှစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဘူရီယမ်ဟာ ဒီရာသီမှာ (၂၅) ပွဲကစား၊ (၁၈) ပွဲနိုင်၊ (၃) ပွဲသရေ၊ (၄) ပွဲရှုံး ရမှတ် (၅၇) မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားတာဖြစ်ပါတယ်။  အောင်သူအနေနဲ့ ပွဲကစားခွင့်နည်းပါးလွန်းပေမယ့် အသင်းသာ ဆုဖလားဆွတ်ခူးနိုင်ခဲ့ရင် ဆုဖလားကိုင်မြောက်ခွင့်ရရှိမှာဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း အောင်သူဟာ ထိုင်းလိဂ်ဖလားကို ကိုင်မြောက်ခွင့်ရတဲ့ ပထမဆုံး မြန်မာကစားသမားဖြစ်လာဖို့ လက်တကမ်းအကွာကို ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က