တာချီလိတ်မြို့နယ်က နန်းနန်းဘွန်းကျောက်ရွှေဆိုင်မှာ ဒီနေ့မတ်လ ၂၉ ရက်နေ့က ဓါးပြတိုက်ခံရမှုဖြစ်ပွားခဲ့ပါတယ်။
တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်က နန်းနန်းဘွန်းကျောက်ရွှေဆိုင်ကို မနက်အစောပိုင်းမှာ ဓါးပြတိုက်မှုဖြစ်ပွားခဲ့တာကြောင့် ရွှေနှစ်ကီလိုကျော်နဲ့ ထိုင်းဘတ်ငွေ သိန်း(၂၀) ကျော်လောက်ဓါးပြတိုက်ခံရတယ်လို့ သိရပါတယ်။
“ ကျွန်တော်တို့က အခုထက်ထိတော့စုံစမ်းနေဆဲပါပဲ။ မနက်အစောပိုင်းက ဖြစ်သွားခဲ့တာပါ ။လက်ရှိမှာဖမ်းမိဖို့ စုံစမ်းဆဲဖြစ်ပါတယ် ” လို့ တာချီလိတ်မြို့ ရဲစခန်းက တာဝန်ကျရဲအရာရှိက Duwun ကိုပြောပါတယ်။
ဓါးပြမှုဖြစ်စဉ်မှာတော့ လူခြောက်ယောက်လောက်က မနက် ၇ နာရီခွဲခန့်အချိန်မှာ အိမ်ထဲကိုဝင်လာပြီးတော့ မနက် ၈ နာရီလောက်မှာတော့ အိမ်ကနေ ပြန်ထွက်သွားတယ်လို့ ပြောပါတယ်။
ပစ္စတို (၄) လက်နဲ့ ကျင်စက်တွေပါ ယုူဆောင်လာခဲ့ပြီး ဓါးပြတိုက်သွားတာလို့ တာချီလိတ်မြို့က သတင်းတွေမှာဖော်ပြထားပါတယ်။
အဲ့ဒိရွှေဆိုင်ကိုတော့ တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမမှာ ဖွင့်လှစ်ထားတာပါ။