• တံကောက်ကြောဒဏ်ရာရသွားတာတောင် မရရအောင် ဂိုးဖန်တီးပေးသွားခဲ့တဲ့ အဒီယီမီ

ဒဏ်ရာရသွားတဲ့ ခြေထောက်နဲ့ပဲ အသင်းဖော်ဆီ ကန်တင်ပေးခဲ့တာပါ။

ဒေါ့မွန်အတွက် ခြေစွမ်းပြကစားနေတဲ့ လူငယ်ကစားသမား အဒီယီမီဟာ မနေ့ညက ကစားခဲ့တဲ့ ဟာသာဘာလင်နဲ့ပွဲမှာလည်း ခြေစွမ်းထပ်ပြခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့ပွဲမှာ ဒေါ့မွန်အတွက် တလုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ အဒီယီမီဟာ ညကပွဲမှာလည်း တဂိုးသွင်း၊ တကြိမ်ဖန်တီးပေးခဲ့တာပါ။ ဒါပေမယ့်လည်း သူဟာ တံကောက်ကြောဒဏ်ရာရရှိသွားခဲ့လို့ ကာလရှည်အနားယူရမယ့်အရေးနဲ့ပါ ရင်ဆိုင်နေရပါတယ်။ 

image

ဒေါ့မွန်အတွက် အဖွင့်ဂိုးကို သူက သွင်းယူပေးခဲ့ပြီး မာလင်ရဲ့ ဒုတိယဂိုးအတွက် ဖန်တီးပေးချိန်မှာ ဒဏ်ရာရသွားခဲ့တာပါ။ ဘောလုံးနဲ့အတူ ပြိုင်ဘက်ခံစစ်သမားကို ကျော်ဖြတ်ဖို့အတွက် သူက ပြေးလွှားကစားချိန်မှာ တံကောက်ကြောဒဏ်ရာရရှိသွားခဲ့တာပါ။ သူ ဒဏ်ရာရသွားပြီဆိုတာကို အဒီယီမီကလည်း သိခဲ့ပြီး သူ့ရဲ့ ပေါင်ကို ထိန်းကိုင်ခဲ့ကာ ဒဏ်ရာရသွားတဲ့ ဘယ်ခြေထောက်နဲ့ပဲ မာလင်အတွက် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ 

image

သူ့ဒဏ်ရာအခြေအနေကတော့ လနဲ့ချီအနားယူရဖွယ်ရှိနေပြီး ချယ်လ်ဆီးနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ကိုပါ လွဲချော်နိုင်ပါတယ်။ ဒဏ်ရာရခဲ့ပြီးနောက် အဒီယီမီက စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပြီး သူ့ကို ဆေးအဖွဲ့က ဝိုင်းဝန်းနှစ်သိမ့်ပေးခဲ့ရကာ ကွင်းပြင်ကိုလည်း လူနှစ်ဦးက တွဲခေါ်သွားခဲ့ရတာပါ။ 

ဒီပွဲမှာတော့ ဒေါ့မွန်က ၄-၁ နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး အဒီယီမီ၊ မာလင်၊ မာကိုရူးစ်နဲ့ ဘရန့်တို့က ဂိုးတွေအသီးသီးသွင်းယူပေးခဲ့တာပါ။ ဘယ်လင်ဂမ်ကိုတော့ ဒေါ့မွန်နည်းပြက အနားပေးထားခဲ့ပြီး မာကိုရူးစ်ကို အသင်းခေါင်းဆောင်အဖြစ်နဲ့ ပြန်လည်ကစားစေခဲ့ပါတယ်။ ဒီနိုင်ပွဲနဲ့အတူ ဒေါ့မွန်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ရမှတ်တူသွားပြီဖြစ်ပြီး အမှတ်ပေးဖလားကိုပါ ပစ်မှတ်ထားလာနိုင်ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က