• တောင်ကိုရီးယား မိန်းကလေးအိုင်ဒေါ Survival Show မှာ မြန်မာနိုင်ငံက ပထမဆုံး ပါဝင်သူဖြစ်လာတဲ့ Riel

အောင်မြင်လာဖို့လည်းမြန်မာလူမျိုးပရိသတ်တွေကအများကြီးအားထုတ်ပေးနေတာကြတာပါ


ကိုရီးယားနိုင်ငံရဲ့မိန်းကလေး KPop girl group သစ် ဖွဲ့စည်းမယ့် Universal Tickets ပရိုဂရမ်မှာ မြန်မာမလေးတစ်ယောက်ဖြစ်သူ နန်းဧကရီရွေ (Riel) ၀င်ရောက် ယှဉ်ပြိုင်နေတယ်လို့သိရပါတယ်။ 


image

Photo-Riel Myanmar Fanpage

ကိုရီးယားရဲ့နာမည်ကြီးရုပ်သံလိုင်း SBS က ကျင်းပပြုလုပ်တဲ့ဒီပြိုင်ပွဲဟာ ပြိုင်ပွဲ၀င် ၄၁ ဦးအထိထွက်ရှိလာပြီး အနိုင်ရရှိသူ ၈ ဦးကို ရွေးချယ်ကာ girl group သစ်ဖွဲ့စည်းပြီး ၂ နှစ်နဲ့ ၆ လအကြာ F&F Entertainment မှ promotion ဆင်းပေးမှာဖြစ်ပါတယ်။


image

Photo-Riel Myanmar Fanpage

"ကျွန်မကတော့ အသက်၂၂နှစ်ရှိပြီဖြစ်ပြီး သီချင်းဆိုရတာကိုဝါသနာပါပြီး kpop Idol ဆိုတဲ့အိပ်မက်တစ်ခုတည်းအတွက် ကိုရီးယားကိုတစ်ယောက်တည်းရောက်လာခဲ့တာဖြစ်ပါတယ်။ တကယ်လို့ကျွန်မကိုသာPick ပေးမယ်ဆိုရင် အကဖြစ်ဖြစ် အဆိုဖြစ်ဖြစ်Rap ဖြစ်ဖြစ်အကုန်လုံးကိုကြိုးစားပြီး ကောင်းကောင်းလုပ်နိုင်အောင်လို့ကြိုးစားသွားပါမယ်" ဆိုပြီး Riel ကပြိုင်ပွဲအတွက်မိတ်ဆက်စကားပြောလာပါတယ်။  

Photo-Riel Myanmar Fanpage

Riel က အခုလက်ရှိ တောင်ကိုရီးယားမှာ နေထိုင်နေတာဖြစ်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်က ကျောင်းသူဟောင်းတစ်ဦး ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံက Fan Page တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။၂၀၂၁ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီးDrama My Roommate Is a Gumiho မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ Rielဟာ Universe Ticket မတိုင်ခင်က i-land 2 Survival Show အတွက်လည်း Audition ဝင်ဖြေခဲ့ဖူးပါတယ်။အခုလက်ရှိမှာတော့ ပရိုဂရမ်မစခင်ကတည်းက Riel ရဲ့ Fan Page တွေရှိနေပြီဖြစ်ပြီး ပရိသတ်တွေကလည်း အားပေးဖို့ အသင့်ဖြစ်နေကြပြီဖြစ်ပါတယ်။Survival Show တွေကတော့အဓိက Voting စနစ်နဲ့သွားတာမို့လို့ မြန်မာမလေးနန်းဧကရီရွှေကိုVoting ပေးဖို့အရေးကြီးတယ်လို့သိရပါတယ်။

Share

Duwun on Youtube
>
Loading Next Article...
က္က