တန်ဖိုးသင့်ဖုန်းကုမ္ပဏီ Tecno ရဲ့ ဘက်ဂျက်စီးရီးတစ်ခုဖြစ်တဲ့ Pop Series ကနေ ဈေးသက်သာတဲ့ ဖုန်းသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။
Tecno Pop 5 Pro ကို အိန္ဒိယဈေးကွက်မှာ ကြေညာလိုက်တာ ဖြစ်ပြီး Tecno Pop 5 LTE အလွန်မှာ ထွက်လာတဲ့ နောက်ထပ် Entry-Level ဖုန်းလည်း ဖြစ်ပါတယ်။ Waterdrop Notch ဒီဇိုင်း သုံးထားပြီး ၆.၅၂ လက်မ HD+ Display ရုပ်ထွက်နဲ့ လာပါတယ်။ အမြင့်ဆုံး တောက်ပမှု 480nits နဲ့ 120Hz Touch Sampling Rate လည်း သုံးထားတဲ့ဖုန်းပါ။

Photo: GSMArena
Entry Level ဖုန်းဖြစ်တဲ့အတိုင် MediaTek Helio A22 Chipset ကိုမှ RAM3/32GB Storage နဲ့ တွဲသုံးထားပါတယ်။ memory ကိုတော့ SD Card ထပ်စိုက်ပြီး 256GB အထိ ထပ်တိုးနိုင်အောင် Support ပေးထားပါတယ်။ ဒေသတွင်းဘာသာစကား ၁၄ မျိုး ပံ့ပိုးထားပြီး IPX2 Splash Resistance ပါလို့ တော်ရုံရေစိုတာမျိုးကိုလည်း ခံနိုင်ရည် ရှိမှာပါ။
ရှေ့ဘက် notch မှာ 5MP Selfie ကင်မရာနဲ့အတူ ကျောဘက် ထောင်လိုက်ကင်မရာတန်းတွေထဲမှာ 8MP Main Sensor ၊ AI Cam နဲ့ LED Flash တို့ တပ်ဆင်ထားပါတယ်။ Tecno ဖုန်းတွေရဲ့ အစဉ်အလာအတိုင်း အကြီးစား 6000mAh ဘက်ထရီ ပါဝါကို သုံးထားတာကြောင့် တောက်လျှောက်ဖုန်းပြောချိန် ၅၄ နာရီနဲ့ သီချင်းနားထောင်ချိန် နာရီပေါင်း ၁၂၀ ကျော် အားခံမယ်လို့ ဆိုပါတယ်။
ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 11 GO Edition ကို အခြေခံထားတဲ့ Tecno HiOS 7.6 နဲ့ လာပြီး Atlantic Blue ၊ Ice Blue နဲ့ Ocean Colors ဆိုပြီး အရောင် ၃ မျိုးနဲ့ ထွက်ထားပါတယ်။ အိန္ဒိယဈေးကွက်မှာ ၈၄၉၉ ရူပီး (မြန်မာငွေ ၂ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။