• သားတင်မဟုတ်၊ အဖေကပါနှိမ့်ချတတ်တယ်ဆိုတာကို သက်သေပြနေကြတဲ့ ဆွန်ဟောင်မင်တို့သားအဖ

ဆွန်ဟောင်မင်ကို ထပ်ပြီးကြိုးစားဖို့ အဖေဖြစ်သူက တွန်းအားပေးခဲ့တာပါ။

ဆွန်ဟောင်မင်ရဲ့အဖေဖြစ်သူ ဆွန်ဝမ်ဂျွန်က သူ့သားအနေနဲ့ အခုချိန်ထိ ကမ္ဘာ့အဆင့် တိုက်စစ်ကစားသမားတယောက်မဖြစ်သေးကြောင်း၊ ဒီလိုမျိုး သက်သေပြဖို့အတွက်ဆိုရင် ထိပ်တန်းအသင်းတသင်းရဲ့ အမာခံကစားသမားတယောက်အဖြစ် သေချာပေါက် သတ်မှတ်ခံပြဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။

image

စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုကို ဆာလာနဲ့အတူ ပူးတွဲဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီကစားသမားဟာ စပါးကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့သူပါ။ ဒါပေမယ့် PFA တနှစ်တာအကောင်းဆုံးဆုအတွက် ဆန်ခါတင်ကစားသမားစာရင်း၊ PFA တနှစ်တာအကောင်းဆုံးအသင်းတို့မှာ ဆွန်ဟောင်မင်က ထည့်သွင်းရွေးချယ်ခြင်းမခံခဲ့ရပါဘူး။

image

အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ဆွန်ဟောင်မင်အတွက် ခံပြင်းနေကြပြီး ဆွန်ဟောင်မင်ရဲ့အဖေကတော့ အခုလိုပဲ အံ့အားသင့်ဖွယ်ဖွင့်ဟခဲ့တာပါ။ ဆွန်ဝမ်ဂျွန်က “ဆွန်ဟောင်မင်အနေနဲ့ သေချာပေါက် အလုပ်ပိုကြိုးစားဖို့၊ ပိုမိုတိုးတက်လာဖို့ လိုအပ်ပါတယ်။ အခု သူဆွတ်ခူးထားတဲ့အရာတွေအပေါ် သာယာနေမယ်ဆိုရင် သူ့ဘဝ ကပ်ဆိုက်ဖို့ပဲရှိပါတော့တယ်။ သူ့အနေနဲ့ အကောင်းဆုံးပုံစံကိုရဖို့ အမြဲတမ်း ကြိုးစားနေရမယ်လို့ ခင်ဗျားရောမထင်ဘူးလား”

“သူ လက်ရှိရောက်နေတဲ့နေရာအတွက် ပျော်ရွှင်ပေးတာထက် ကျနော်ကတော့ (၁၀) ရာခိုင်နှုန်းလောက် ပိုကောင်းလာဖို့ အမြဲတမ်းအလိုရှိခဲ့ပါတယ်။ သူ့အနေနဲ့ ကမ္ဘာ့ထိပ်တန်းအသင်းတွေထဲက တသင်းရဲ့ အဓိက,ကစားသမားအဖြစ် သေချာပေါက် ကစားနိုင်စွမ်းရှိရပါမယ်။ အဲ့ဒီအချိန်မှသာ သူက ကမ္ဘာ့အဆင့် ကစားသမားဖြစ်လာမယ့်အချိန်ပါ”

“သူက ဒီနှစ်မှာ ဂိုးတွေအများအပြားသွင်းခဲ့တာက လာမယ့်နှစ်ကျ ဒါမျိုး စွမ်းဆောင်နိုင်မယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး မဟုတ်ပါဘူး။ အဆင်သင့်ဖြစ်အောင်နေမှပဲ အခက်အခဲတွေကြား ရှင်သန်နိုင်မှာပါ။ သူ့အနေနဲ့ အရာရာကို သတိကြီးကြီးထား ကျော်ဖြတ်ရမှာဖြစ်ပြီး အရမ်းကိုဂုဏ်ယူနေလို့မရပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဆွန်ဟောင်မင်ကိုယ်တိုင်က နှိမ့်နှိမ့်ချချနေထိုင်လေ့ရှိပြီး အခုအဖေဖြစ်သူရဲ့ စကားတွေကို ကြားရချိန်မှာတော့ ဆွန်ဟောင်မင်အနေနဲ့ အဖေဆီက ဗီဇကို အပြည့်အဝဆက်ခံခဲ့တယ်လို့ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။ 

Share

Loading Next Article...
က္က