ပရိုဖက်ရှင်နယ် Dota 2 အသင်းများရဲ့ ကစားသမားအပြောင်းအလဲတွေကို ဒီစီးရီးကနေ တင်ဆက်ပေးလာတာ နံပါတ် ၆ အထိတောင်ရောက်ရှိလာခဲ့ပါပြီ။
Secret, Virtus Pro တို့လို အသင်းကြီးတွေကတော့ အခုအချိန်အထိ ကစားသမားအပြောင်းအလဲနဲ့ပတ်သတ်ပြီး ဘာသတင်းမှ မထုတ်ပြန်သေးပေမယ့် Valve စည်းမျဉ်းအရ ကစားသမားအပြောင်းအလဲရာသီ ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် မကြာခင်မှာ သိရတော့မှာပါ။ အခုတစ်ခါမှာလည်း ဘယ်အသင်းတွေက ဘယ်လိုအပြောင်းအလဲတွေ ပြုလုပ်ခဲ့လဲဆိုတာ တင်ဆက်ပေးသွားပါမယ်။
FADE နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ PYW
TI 9 ချန်ပီယံဖြစ်မယ်လို့ အများကထင်ကြေးပေးထားပေမယ့် အဆင့် ၆ နဲ့သာ ကျေနပ်ခဲ့ရတဲ့ Vici Gaming ကတော့ လစ်ဟာနေတဲ့ Position 4 နေရာမှာ လူစားထိုးလိုက်ပါပြီ။
လူစားထိုးလိုက်တဲ့သူကတော့ Pyw ဖြစ်ပြီး Team Serenity မှာကစားခဲ့ဖူးတဲ့ ကစားသမားအဟောင်းတစ်ယောက်ပါ။ Dota2 ပရော်ဖက်ရှင်နယ်လောကထဲကို ၂၀၁၆ ခုနှစ်ကမှ ဝင်ရောက်ခဲ့ပြီး တရုတ်ပြည်တွင်းက အသင်းငယ်တချို့မှာ တစ်နှစ်ကျော်ကစားခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ Team Serenity ကိုရောက်ရှိခဲ့ပါတယ်။
Team Serenity မှာလည်း zhizhizhi တို့နဲ့အတူ လက်စွမ်းပြကစားခဲ့ကာ ဖျက်မြင်းကောင်းအသင်းတစ်သင်းအဖြစ်နဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ Vici Gaming ရဲ့ Position 1 ကစားသမား Paparazi ကတော့ လာမယ့် DPC Season မှာ Eurus ဆိုတဲ့ Alias (In-game နာမည်) အသစ်နဲ့ ကစားသွားမှာပဲဖြစ်ပါတယ်။ Vici Gaming အနေနဲ့ လာမယ့်ရာသီအသစ်မှာရော အရင်လို တရုတ်နိုင်ငံရဲ့ Power House အသင်းတစ်သင်းအဖြစ် ရပ်တည်သွားနိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။
သွေးသစ်လောင်းလိုက်တဲ့ NINJAS IN PYJAMAS
TI9 မှာ Group Stage ကနေတပ်ခေါက်ပြန်ခဲ့ရတဲ့ NiP ဟာ TI အပြီးမှာတော့ ကစားသမားတွေ အလျှိုအလျှိုနဲ့ အသင်းကနေထွက်ခွာသွားခဲ့ကာ နောက်ဆုံးမှာ PPD တစ်ယောက်ပဲ ကျန်ခဲ့ပါတယ်။ PPD ကတော့ Dota2 ပရော်ဖက်ရှင်ကစားသမားဘဝကို စိတ်မကုန်သေးတာကြောင့် NiP ကို ကစားသမားအသစ်တွေနဲ့ ပြန်လည်အသက်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။
အခုအချိန်မှာတော့ ထွက်ခွာသွားတဲ့ကစားသမားတွေနေရာမှာ ကစားသမားအသစ်တွေနဲ့ အစားထိုးနိုင်ခဲ့ပြီဖြစ်ပြီး လူစာရင်းအပြည့်အစုံကတော့
1. Skiter
2. Gunnar
3. Universe
4. Biver
5. PPD တို့ပဲဖြစ်ပါတယ်။
တစ်ချိန်က EG နဲ့အတူ TI ကိုရယူပေးနိုင်ခဲ့တဲ့ အသင်းဖော်ဟောင်း Universe နဲ့ ပြန်ပေါင်းထုတ်ပြီး America, CIS နဲ့ Europe ကစားသမားတွေအစုံအလင်ပါဝင်တဲ့ ဒီအသင်းအနေနဲ့ ဘယ်အထိခရီးပေါက်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။
NIP ကစားသမားဟောင်း FATA နဲ့ 33 တို့ရဲ့အသင်းသစ်
TI မှာစိတ်ပျက်ဖွယ်ရလဒ်ဆိုးတွေ ရရှိခဲ့တာကြောင့် Fata နဲ့ 33 တို့ဟာ ကိုယ်တိုင်အသင်းသစ် ဖွဲ့စည်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ NiP ကနေ ထွက်ခွာသွားခဲ့ပါတယ်။ ထွက်ခွာပြီးသိပ်မကြာခင်မှာပဲ သူတို့အသင်းကို ဖွဲ့စည်းပြီးပြီဖြစ်ကြောင်းကို Fata က သူ့ရဲ့တွစ်တာကနေ တစ်ဆင့်ကြေညာခဲ့ပါတယ်။
သူတို့နဲ့အတူကစားမယ့် အသင်းဖော်တွေကတော့ TI9 မှာ Mineski နဲ့အတူ လက်စွမ်းပြကစားခဲ့တဲ့ Nikobaby, Complexity Gaming ကကစားသမားဟောင်းတွေဖြစ်တဲ့ Limpp နဲ့ Handsken1 တို့ပဲဖြစ်ပါတယ်။ ဘယ်သူတွေဘယ် Position တွေမှာ ကစားမယ်ဆိုတာကို အတိအကျ မဖော်ပြထားပေမယ့် Fata တစ်ယောက် Support အဖြစ်ကစားဖို့က ရာခိုင်နှုန်းတော်တော်များပါတယ်။
Written by Myo Thant Kyaw
Share