• သမိုင်းသစ်ရေးထိုးခဲ့တဲ့ ရော်နယ်လ်ဒိုကို ကောက်စားဒိုနဲ့ ပင်နယ်ဒိုလို့ ပြောခဲ့တဲ့ ပရိသတ်ကို ပွဲကြမ်းခဲ့တဲ့ လိုင်နီကာ

အာဆင်နယ်နဲ့ပွဲမှာ သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့တာပါ။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုး သွင်းယူပေးခဲ့ပြီးနောက် ကစားသမားဘဝ ပြိုင်ပွဲ ဂိုး ၈၀၀ ပြည့်မြောက်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပြီး ပရိသတ်တွေ၊ နည်းပြတွေ၊ ဘောလုံးဝေဖန်သူတွေနဲ့ ကစားသမားတွေဆီကနေ ချီးကျူးမှု အများအပြား ရရှိခဲ့တာဖြစ်ပါတယ်။

image

ဒါပေမယ့်လည်း ပရိသတ်တစ်ဦးက ရော်နယ်လ်ဒိုရဲ့ သမိုင်းသစ် ရေးထိုးနိုင်ခဲ့မှုကို မနာလို မရှုစိမ့်ဖြစ်ခဲ့ပြီး ဂယ်ရီ လိုင်နီကာက သွင်းဂိုး ၈၀၁ ပြည့်မြောက်ခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့်ကို ချီးကျူးထားတဲ့ ပို့စ်မှာ ကောက်စားဒိုနဲ့ ပင်နယ်ဒိုလို့ မှတ်ချက် ပေးခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူးက လျင်လျင်မြန်မြန်ပဲ အဲဒီမှတ်ချက်ပေးတဲ့သူကို လူအများသိပြီး အရှက်ရသွားအောင် လုပ်ဆောင်ခဲ့ပြီး ယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူးဘက်ကနေ ရပ်တည်ပေးခဲ့ပါတယ်။

image

"ဒါက လေးစားမှု မရှိသလောက် အဓိပ္ပာယ်မရှိပါဘူး။ ခရစ္စတီယာနိုက ဘောလုံးပြိုင်ပွဲ သမိုင်းမှာ အကြီးကျယ်အခမ်းနားဆုံး ကစားသမားတွေထဲက တစ်ဦးဆိုတာ အငြင်းပွားစရာမရှိပါဘူး။ လုံးဝကို ထူးခြားတဲ့ပုဂ္ဂိုလ်ပါ"လို့ တွစ်တာအကောင့်မှာ ရော်နယ်လ်ဒိုကို စော်ကားခဲ့တဲ့ ပရိသတ်ရဲ့မှတ်ချက်ကို မျှဝေရာမှာ ရေးသားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ကြာသပတေးနေ့က အာဆင်နယ်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ယူနိုက်တက်အတွက် ၂ ဂိုး သွင်းယူပေးခဲ့ပြီး ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ကစားသမားဘဝစုစုပေါင်း သွင်းဂိုး ၈၀၁ ဂိုး ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။ ကစားသမားဘဝစုစုပေါင်း ၁၀၉၇ ပွဲမှာ ၈၀၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ခေတ်တစ်ခုက ဂန္တဝင်တိုက်စစ်မှူးဆီကနေ လေးစားမှုကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က