အမြတ်ရာနှုန်းလည်း တက်လာခဲ့ပါတယ်။

Apple ရဲ့ တစ်ရက်ဝင်ငွေဟာ ဒေါ်လာ ၁ ဘီလျံကျော် ရှိပါတယ်။ 

ကြာသာပတေးနေ့မှာ ပြုလုပ်တဲ့ မတ်လကုန် သုံးလပတ်ဝင်ငွေရှင်းတမ်းအရ Apple ရဲ့ ဝင်ငွေဟာ အရင်နှစ်ကာလတူထက် ၉% ပိုတိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒုတိယသုံးလပတ်လို့ ခေါ်တဲ့ ၂၀၂၁ မတ်လ ၃ လပတ်မှာ Apple ဟာ ဒေါ်လာ ၈၉ ဘီလျံ ဝင်ငွေရခဲ့တာ ဖြစ်ပြီး ဒီနှစ် ၂၀၂၂ မတ်လကုန် သုံးလပတ်မှာ ဝင်ငွေ ဒေါ်လာ ၉၇.၂၈ ဘီလျံအထိ ရခဲ့ပါတယ်။ 





အမြတ်ပမာဏကလည်း ပြီးခဲ့တဲ့နှစ် ကာလတူက ၄၂.၅% ရှိခဲ့ရာကနေ ၄၃.၇% ကို ရောက်လာခဲ့တယ်လို့ဆိုပါတယ်။ လုပ်ငန်းလည်ပတ်စရိတ်စကအနေနဲ့ ၂၀၂၁ Q2 မှာ ဒေါ်လာ ၁၀.၆ ဘီလျံ ရှိခဲ့ရာကနေ ၂၀၂၂ Q2 မှာ ဒေါ်လာ ၁၂.၆ ဘီလျံကို ရောက်လာခဲ့တယ်လို့လည်း ဝင်ငွေရလဒ်ရှင်းတမ်းမှာ ဖော်ပြပါတယ်။ ဒီသုံးလပတ်အတွင်းမှာ Apple ဟာ Studio Display ၊ ပဉ္စမမျိုးဆက် iPad Air ၊ iPhone SE 2022 နဲ့ Mac Studio တို့လို ထုတ်ကုန်သစ်တွေ မိတ်ဆက်ခဲ့ပါတယ်။ 

သုံးလပတ်အတွက် iPhone ကနေ ရတဲ့ ဝင်ငွေဟာ ဒေါ်လာ ၅၀.၅၇ ဘီလျံ (အရင်နှစ်ကာလတူ ဒေါ်လာ ၄၇.၉ ဘီလျံ) ရှိခဲ့ပြီး iPad ဝင်ငွေကတော့ အရင်နှစ် ဒေါ်လာ ၇.၈ ဘီလျံကနေ ဒေါ်လာ ၇.၆၅ ဘီလျံကို ကျသွားခဲ့ပါတယ်။ Mac ဝင်ငွေဟာ ပြီးခဲ့တဲ့တစ်နှစ်မှာ ဒေါ်လာ ၉.၁ ဘီလျံ ရှိခဲ့ရာကနေ ဒီနှစ်ထဲမှာ ဒေါ်လာ ၁၀.၄၄ ဘီလျံ တက်လာခဲ့ပြီး ဝတ်ဆင်နိုင် ထုတ်ကုန် ၊ အိမ်သုံးနဲ့ တခြား Accessory တွေကနေ ရတဲ့ ဝင်ငွေဟာ အရင်နှစ်ကထက် ၁ ဘီလျံ ပိုများပြီး ဒေါ်လာ ၈.၈ ဘီလျံ ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

Apple ရဲ့ အဓိက စီးပွားရေးတစ်ခုဖြစ်တဲ့ Services စီးပွားရေးဟာ အရင်နှစ်က ဒေါ်လာ ၁၆.၉ ဘီလျံ ဝင်ငွေရခဲ့ရာကနေ ၁၇.၂၆% တက်ပြီး ဒေါ်လာ ၁၉.၈ ဘီလျံအထိ တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က