ကာလာဖီအိုရီကို ခေါ်လိုက်တာပါ။

အာဆင်နယ်ကတော့ ဘိုလော့ဂ်နာ နောက်ခံလူ ကာလာဖီအိုရီကို ခေါ်ယူနိုင်ပြီဖြစ်ကြောင်း မနေ့က တရားဝင် အတည်ပြုကြေညာခဲ့ပါတယ်။ အဆိုပါ အီတလီသား နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီမှာ ဘိုလော့ဂ်နာအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့တာပါ။



ဒါ့အပြင် ပြီးခဲ့တဲ့ ယူရိုမှာလည်း ကာလာဖီအိုရီက အီတလီအတွက် ခြေစွမ်းပြ ကစားခဲ့ပါသေးတယ်။ အဲ့ဒါကြောင့်လည်း အာဆင်နယ်တို့ ဒီကစားသမားအတွက် အမိအရ ကြိုးစားခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ခေါ်ယူနိုင်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့တာပါ။

ဒီနောက်ခံလူအတွက် အာဆင်နယ်တို့ ပြောင်းရွှေ့ကြေး ပေါင် (၄၂) သန်း ပေးချေခဲ့ရပြီး ကာလာဖီအိုရီက အာဆင်နယ်မှာ ကျောနံပါတ် (၃၃) ကို ဝတ်ဆင်ကစားသွားမယ်လို့ သိရှိရပါတယ်။ အသက် (၂၂) နှစ်အရွယ် ဒီနောက်ခံလူဟာ အာဆင်နယ်နဲ့ (၅) နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။

 


ဒါ့အပြင် အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ အာဆင်နယ် လူစာရင်းနဲ့ တိုက်ရိုက်ပူးပေါင်းခဲ့တာပါ။ အာဆင်နယ်နောက်တန်းမှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီရယ်၊ တိုမီယာဆိုတို့ ရှိနှင့်ပြီး အခုလိုမျိုး ကာလာဖီအိုရီ ရောက်ရှိလာတာက အာဆင်နယ်နောက်တန်းကို ပိုမိုတောင့်တင်းသွားစေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က