SSPP လက်နက်ကိုင်အဖွဲ့အခြေစိုက်ရာ နေရာသွားရောက်ခဲ့တဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းဟာမှန်ကန်ကြောင်း SSPP ဘက်က အတည်ပြုလိုက်တယ်လို့ သိရပါတယ်။
သင်ဇာဝင့်ကျော်ဟာ SSPP နယ်မြေကအပြန် လားရှိုးမြို့ အရောက်မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
Photo-Thinzar Wint Kyaw FB
သရုပ်ဆောင်သင်ဇာဝင့်ကျော်က ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ ၊ SSPPလက်နက်ကိုင်အဖွဲ့ရဲ့ ဖိတ်ခေါ်မှုကြောင့် ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေးမှတ်တမ်းတင်ဗီဒီယို ရိုက်ကူးဖို့အတွက် SSPP ဌာနချုပ်ရှိရာ ဝမ်ဟိုင်း ကိုသွားရောက်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကို SSPP Info သတင်းထုတ်ပြန်ရာ စာမျက်နှာကလည်း ဇူလိုင်လ ၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။ မော်ဒယ်၊ သရုပ်ဆောင် သင်ဇာဝင့်ကျော် ဖမ်းဆီးခံရတာ မှန်ကန်ကြောင်း ရှမ်းပြည်တိုးတက်ရေး ပါတီ ရှမ်းပြည် တပ်မတော် SSPP ဘက်က အတည်ပြုခဲ့တယ်လို့ ဘီဘီစီ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။
သင်ဇာဝင့်ကျော်ဟာ အဲဒီ ဒေသမှာရှိနေစဉ် SSPP အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးရဲ့ သမီး မင်္ဂလာဧည့်ခံပွဲ အခမ်းအနားကို SSPP စစ်ယူနီဖောင်းဝတ်ပြီး တက်ရောက်ခဲ့ကာ အဆိုပါ ဓာတ်ပုံများဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။
Photo- Thinzar Wint Kyaw FB
SSPPအဖွဲ့ကလည်း သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို ဟိုက်ပါရေတံခွန်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီး မြို့နယ်၊ ဝမ်ဟိုင်း ဒေသဖွံ့ဖြိုးရေး မှတ်တမ်းရိုက်ကူးရေးအတွက်သာ ကမ်းလှမ်းဖိတ်ကြားခဲ့တာဖြစ် ကြောင်း၊ နိုင်ငံကျော်မင်းသမီးသင်ဇာဝင့်ကျော်အ နေနဲ့ တခြားမည်သည့်နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ရိုက်ကူးခဲ့တာမဟုတ်ကြောင်း ကိုလည်း ဇူလိုင် ၄ ရက်က ရေးသားရှင်းလင်းထားခဲ့ပါတယ်။