• သရုပ်ဆောင် ဇေယျာအောင်နဲ့ လှိုင်ဖြူဖြူထွဏ်းတို့ရဲ့ မျိုးဆက်သစ်လေးများအကြောင်း

တကယ့်အချောအလှလေးတွေပါပဲ၊။

သရုပ်ဆောင် ဇေယျာအောင်နဲ့ လှိုင်ဖြူဖြူထွဏ်းတို့ရဲ့ အနုပညာမျိုးဆက်လေးတွေဖြစ်ကြတဲ့ သမီးချောလေး သုံးဦးစလုံးကတော့ အနုပညာလှုပ်ရှားမှုတွေလုပ်နေကြပြီဖြစ်ပြီး မကြာခင်မှာလည်း အဆိုတော်ခိုင်ရွှေဝါရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ " ငယ်ချစ်ပုံပြင်ချင်းလေးကိုသီဆိုပြီး ပရိသတ်ရှေ့ မကြာခင်တင်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

"တေးရေးဆရာ နောင်နောင်(S.F) က ငယ်ချစ်ပုံပြင်သီချင်းလေးကို သမီးတို့(၃)ယောက်အတွက် လက်ဆောင် အနေနဲ့ ဆိုခိုင်းတာကြောင့် အခုသီချင်းတိုက်နေပါတယ်။ Cover Song အနေနဲ့ ပြန်ဆိုသွားမယ်ပေါ့နော်၊ မကြာခင်ပရိသတ်ကြီးကလည်းနားထောင်ရတော့မှာမို့လို့ သီချင်းလေးထွက်လာရင် အားပေးပါဦးလို့တောင်းဆိုချင်ပါတယ်"ဆိုပြီး ညီအစ်မ(၃)ယောက်က သူတို့ပြန်လည်သီဆိုထားတဲ့သီချင်းလေးနဲ့ ပတ်သက်ပြီးအားပေးဖို့တိုက်တွန်းထားကြပါတယ်။ 

image

Photo-Zayar Aung FB

သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဇေယျာအောင်နဲ့ လှိုင်ဖြူဖြူထွဏ်းတို့ရဲ့သမီးချောလေး သုံးယောက်စလုံးကတော့ လိမ္မာရေးခြားရှိပြီး အလှတစ်မျိုးစီပိုင်ဆိုင်ထားကြတဲ့ ချောမောလှပတဲ့ မိန်းမပျိုလေးတွေပါ။ သူတို့ (၃)ဦးစလုံးက တော့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေကြပြီး Collagen ကြော်ငြာ၊ အချိုရည်ကြော်ငြာတွေကို ရိုက်ကူးပြီးစီးထားပြီပဲ ဖြစ်ပါတယ်။ 

သူတို့ (၃)ဦးကတော့ Smile-မြတ်ပန်းမှုံထက်၊ Snow- ပွင့်ပန်းမှုံထက် Sweety -စူးရှထက်တို့လည်းဖြစ်ပါတယ် ။ သမီးကြီး Smile နဲ့ Snow တို့နှစ်ဦးကတော့ အမြွှာလေးတွေဖြစ်ကြပြီး အခုဆိုရင် အသက် ၁၅ နှစ်ရှိပြီပဲ ဖြစ်ပါတယ်။ သမီးအငယ်ဆုံးလေး Sweety က တော့ အခုဆိုရင် အသက် ၁၃ နှစ်ထဲမှာဖြစ်ပါတယ်။ 


Smile-မြတ်ပန်းမှုံထက်

Smile က သမီးအကြီးဆုံးလေးဖြစ်ပြီး မိခင်ဖြစ်သူနဲ့ ဖခင်ဖြစ်သူ နှစ်ဦးစလုံးရဲ့ အသွေးအမွေးတွေနဲ့ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်တစ်ယောက်ပါ၊ သူမကတော့ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တဲ့အကြောင်းကိုလည်း အခုလို ပြောပြလာပါတယ်။

" သရုပ်ဆောင်တဲ့အခါမှာ အခက်အခဲတော့မရှိပါဘူး။ ဖေဖေနဲ့မေမေကလည်း ရိုက်ကွင်းတစ်ခုလုံးမှာဘေးမှာနေပြီးသေချာသင်ပေးတဲ့အတွက် အဆင်ပြေခဲ့ပါတယ်။ သရုပ်ဆောင်အလုပ်ကို အလုပ်လုပ်ခွင့်ရတဲ့အချိန်ထိ လုပ်ချင်တယ်"လို့ Smile က ဆိုပါတယ်။

Snow- ပွင့်ပန်းမှုံထက်

Snow က တော့အမြွှာထဲက အငယ်မလေးဖြစ်ပြီး သူမကိုတော့ သမီး(၃)ယောက်ထဲမှာ အ ချောဆုံးလို့ ပရိသတ်တွေက အမှတ်ပေးထားကြပါတယ်။ Snow လေးက အဖေတူသမီးလေးဖြစ်ပြီး သမီး(၃)ယောက်ထဲမှာလည်း အရပ်အရှည်ဆုံးလည်းဖြစ်ပါတယ်။ သူမကတော့ မော်ဒယ်လ် တစ်ယောက်ဖြစ်ချင်တယ်လို့ဆိုပါတယ်။ 

" သရုပ်ဆောင် အလုပ်ထက် မော်ဒယ်လ်ပိုဖြစ်ချင်ပါတယ်။ ဖေဖေကလည်း ဘာအလုပ်ပဲလုပ်လုပ် သမီးတို့ကို ပေါ့ပေါ့ပျက်ပျက် မလုပ်စေချင်ဘူး၊ အဲ့ဒီအတွက်လည်း သမီးတို့ကလည်းအခုအနုပညာအလုပ်တွေလုပ်တဲ့အချိန်မှာ ပေါ့ပျက်ပျက်လုပ်ထားတာမျိူးမရှိပါဘူး" လို့ သူမရဲ့ ဝါသနာကို ပြောပြလာပါတယ်။

Sweety -စူးရှထက်

Sweety လေးက သမီးအငယ်ဆုံးလေးဖြစ်ပြီး အသက်က ၁၃နှစ်သာ ရှိပါသေးတယ်။ အသက်၁၃နှစ် ဆိုပေမယ့်လည်း အသံအကောင်းဆုံးပိုင်ရှင်ပါလို့လည်း ကျန်တဲ့အစ်မနှစ်ယောက်စလုံးက မှတ်ချက်ပေးထားကြပါတယ်။ ချစ်စရာကောင်းတဲ့ ကောင်မလေးဖြစ်ပြီး အသံလေးကလည်း မျက်နှာလေးနဲ့ လိုက်အောင် ချစ်ဖို့ကောင်းတယ်လို့ဆိုရမှာပါပဲ၊

" သီချင်းဆိုရတာတော့ အရမ်းဝါသနာပါတယ်။ အသံနဲ့ပတ်စက်ပြီး သင်ကြားထားတာမျိုးမရှိပါဘူး။ အိမ်မှာအားရင် သီချင်းဆိုတယ်။ အင်္ဂလိပ်သီချင်းတွေတော့ အများဆုံးဆိုဖြစ်တယ်။ အဆိုတော်တစ်ယောက်ဖြစ်ချင်ပါတယ်"လို့လည်း Sweety က ပြောပြခဲ့ပါတယ်။

 သရုပ်ဆောင် ဇေယျာအောင်နဲ့ သရုပ်ဆောင် လှိုင်ဖြူဖြူထွဏ်းတို့ကတော့ ၂၀၀၆ခု နှစ်မှာ အိမ်ထောင်ပြုခဲ့တာဖြစ်ပြီး ၂ဝဝ၇ ခုနှစ်မှာတော့ အမြွှာလေးတွေဖြစ်ကြတဲ့ Smile နဲ့ Snow တို့ကို မွေးဖွားခဲ့ကြတာဖြစ်ပြီး နောက်၂နှစ်အကြာမှာတော့ သမီးငယ်လေး Sweety ကိုမွေးဖွားခဲ့တာပါ။ သူတို့နှစ်ဦးရဲ့ အိမ်ထောင်သက်ကတော့အခုဆိုရင် ၁၆နှစ်ပြည့်ခဲ့ပြီးဖြစ်ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ် ။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က