• Featured

    ဦးတီက အစ်မကိုစိတ်ချမ်းသာအောင်ထားတယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်

လက်ရှိ အိမ်ထောင်ရေးအကြောင်းပြောပြလာပါတယ်။

အိန္ဒြာကျော်ဇင်ဟာ အိမ်ထောင်ရေးမှာ စိတ်ချမ်းသာအောင်ထားတဲ့ ခင်ပွန်းဖြစ်သူ ပြေတီဦးကြောင့် ပျော်နေရတယ်လို့ ဆိုပါတယ်။ 

image

အိန္ဒြာကျော်ဇင်ကတော့ ခင်ပွန်းဖြစ်တဲ့ ပြေတီဦးက သူမကို စိတ်ချမ်းသာအောင်ထားတယ်လို့ ဆိုပါတယ်။ ဇနီးမောင်နှံ နှစ်ယောက်စလုံးကလည်း အိမ်ထောင်ရေးမှာ ပျော်ရွှင်အောင် နေတယ်လို့ ပြောပါတယ်။ 

“သူကတော့ အရမ်းချစ်တတ်တယ်။ အစ်မကိုလည်း စိတ်ချမ်းသာအောင်ထားတယ်။ အလိုလည်းလိုက်တယ်။ သူ ဒီလို ထားပေးတတ်တဲ့ စိတ်ကြောင့် ကိုယ်လည်း ကျေနပ်ရတာပေါ့။ အစ်မတို့နှစ်ယောက်က ငပြောင်တွေလေ။ ဟာသတွေပြောရင်လည်း အစ်မက လူရွှင်တော်လိုပဲ ဖောက်လုံးတွေနဲ့ပြောတယ်။ ကိုယ်တိုင်ကလည်း ရယ်စရာတွေ ပြောရတာကို သဘောကျတဲ့သူဆိုတော့ သူနဲ့ ကိုယ်နဲ့ နှစ်ယောက်ဆုံရင် စနောက်နေတာပဲ” ဆိုပြီးတော့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Li John

အိန္ဒြာကျော်ဇင်က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ပြေတီဦးနဲ့အတူ ဂစ်တာတီးပြီး သီချင်းတွေ အတူတူဆိုခဲ့ကြတဲ့ အမှတ်တရလေးကိုလည်း ပြောပြခဲ့ပါသေးတယ်။ ဘာလီမှာ ဇာတ်ကားသွားရိုက်တုန်းကလည်း တစ်ယောက်နဲ့ တစ်ယောက် အလွမ်းသည်ခဲ့ကြသေးတယ်လို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က “ ရွာဇော်ကြီး” ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။ 

“ ဂစ်တာတီးတာ နည်းနည်းတော့ကြာပြီ၊ ဆက်မသင်ဖြစ်တာပေါ့နော်။ အမြဲတမ်းလည်း မတီးဖြစ်ဘူး၊ ကျွမ်းလည်း မကျွမ်းဘူး။ ဟိုနည်းနည်း၊ ဒီနည်းနည်း တွေတော့ အကုန်ရတယ်။ သေချာသာ ဘာမှ မရတာ။ ချစ်သူများနေ့တုန်းကလည်း သူက ဒီမှာ ကိုယ်ကဘာလီမှာဆိုတော့ အလွမ်းသယ်ကြတာပေါ့နော်။ ဒါပေမယ့် အိမ်ထောင်ရှင်ဖြစ်ပြီးတဲ့နောက်မှာတော့ ချစ်သူများနေ့ဆိုတာ အစ်မတို့အတွက် မထူးဆန်းတော့ပါဘူး” လို့ သူကဆိုပါတယ်။ 

Photo: Li John

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၀ ခုနှစ်နှောင်းပိုင်းကစပြီး မဂ္ဂဇင်းဓာတ်ပုံ၊ ပြက္ခဒိန်တွေနဲ့ တီဗီကြော်ငြာတွေ အမြောက်အမြားရိုက်ကူူးရင်း ပရိသတ်တွေ စတင်အားပေးမှု ရရှိခဲ့သူပါ။ ၁၉၉၈ ခုနှစ်မှာတော့ Miss Kokkine ဆု နဲ့ Miss Chirsmas ဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ‘’ချစ်သော အယ်ဒီတာ’’၊ ‘’ အနှိုင်းမဲ့’’ စတဲ့ မြဝတီရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ခေါင်းဆောင်မင်းသမီး အဖြစ်အရင်ဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ ‘’အဖြူရောင် အတ္တ’’၊ ‘’ ကျွန်တော် ကျွန်မတို့သည်’’ ရုပ်ရှင်ဇာတ်ကားကြီးတို့ဖြစ်ပါတယ်။

Photo: Eaindra Kyaw Zin

အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။ ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းမှာလည်း အိန္ဒြာကျော်ဇင်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေပါဝင်ထားပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က