ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေက အငြင်းပွားစရာတွေရှိခဲ့ပါတယ်။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက အက်သလက်တီကို,ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဥ်မှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပါတယ်။ ဒီပွဲမှာ အက်သလက်တီကိုက လိုဒီရဲ့တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။



ဒီရလဒ်ကြောင့် ယူနိုက်တက်တို့ နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဂိုးနဲ့ ချန်ပီယံလိဂ်က ထွက်ခဲ့ရပါတယ်။ လိုဒီရဲ့သွင်းဂိုးကို ခွင့်မပြုခင်မှာ ယူနိုက်တက် ကစားသမားတွေကို အက်သလက်တီကိုဘက်က ဆက်တိုက်ကို ပြစ်ဒဏ်ဘောကျူးလွန်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ မျက်ကွယ်ပြုခဲ့ပါတယ်။

ဂိုးပေးလိုက်ရချိန်မှာ ရော်နယ်ဒို၊ မက်ဂွိုင်းရားနဲ့ ဘရူနိုဖာနန်ဒက်စ်တို့က ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့ကြပေမယ့် ဒိုင်လူကြီးက သူ့ရဲ့ဆုံးဖြတ်ချက်ကို မပြင်ဆင်ခဲ့သလို VAR ကလည်း ဒီဂိုးမတိုင်ခင် ပြစ်ဒဏ်ဘောအတွက် ထူးခြားဖြစ်စဥ် တစုံတရာအနေနဲ့ မသတ်မှတ်ခဲ့ပါဘူး။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ရော်နယ်ဒိုက မျက်မှန်လိုအပ်နေတယ်ဆိုတဲ့ ခြေဟန်လက်ဟန်နဲ့ ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ပထမအကျော့ အက်သလက်တီကိုမက်ဒရစ် အိမ်ကွင်းမှာတုန်းကလည်း အက်သလက်တီကိုကစားသမားတွေက ပထမပိုင်းတပိုင်းလုံး ခပ်ကြမ်းကြမ်း ဝင်ထွက်ကစားခဲ့ပါတယ်။

ဒါပေမယ့် ပထမပိုင်းတပိုင်းလုံးမှာ အက်သလက်တီကိုက တယောက်သာ အဝါကတ်ထိတဲ့အပေါ် ရော်နယ်ဒိုက ဒေါသပေါက်ကွဲကာ ပထမပိုင်းပြီးဆုံးချိန် ကွင်းထဲမှာတင် ဒိုင်လူကြီးတွေကို ဒေါသတကြီး စောဒကတက်ခဲ့ပါသေးတယ်။ အခု ဒုတိယအကျော့မှာလည်း ကွင်းလယ်ဒိုင်ရဲ့ ကိုင်တွယ်ပုံတွေက မေးခွန်းထုတ်စရာတွေရှိခဲ့ပြီး ယူနိုက်တက်ပေးလိုက်ရတဲ့ဂိုးမှာလည်း ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်က အဓိကကျတဲ့နေရာကနေ ပါဝင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က