• Featured

    TikTok creators တွေကို ဒေါ်လာ ၅၀၀၀၀ အထိ ဘောနပ်စ်ပေးသွားမယ့် Meta

TikTok ပွဲဆူနေချိန် Meta က ဖျာခင်းလာတယ်လို့ ပြောကြတာပါပဲ။

အမေရိကန်မှာ TikTok ပြဿနာတက်နေစဉ်မှာပဲ Meta က TikTok နဲ့ အပြိုင် products သစ်တွေ ချပြလာသလို creators တွေကိုလည်း ဈေးခေါ်နေပါပြီ။ အခုဆို Meta ပိုင် Instagram က Reels မှာ creators တွေကို bonus တွေ ဖောဖောသီသီ ပေးပြီး မိတ်ခေါ်နေပါတယ်။

Instagram က နာမည်ကြီး TikToker တွေ တခြားပလက်‌ဖောင်းတွေပေါ် မတင်ခင် Reels ပေါ် video လေးတွေ တင်ရင် တစ်လ ဒေါ်လာ ၁ သောင်းကနေ ၅ သောင်းအထိ ပေးနေတာပါ။ မက်လောက်တဲ့ ပမာဏပါပဲ။

စည်းကမ်းချက်က creators တွေအနေနဲ့ သူတို့ ဗွီဒီယိုကို Reels က လွဲရင် တခြားနေရာကို ကာလတစ်ခုအထိ (လနဲ့ချီကြာပါလိမ့်မယ်) မတင်ဖို့ သဘောတူရမှာပါ။ creators တွေ Facebook နဲ့ Instagram မှာရှိတဲ့ Reels မှာ ၃ လတင်ရင် ဒေါ်လာ ၅၀၀၀ အထိ ရနိုင်မယ့် Breakthrough Bonus ပရိုဂရမ်လည်း ရှိပါတယ်။



image

Instagram က Reels ဘောနပ်စ်ပရိုဂရမ်ကို ၂၀၂၁ ကတည်းက စပြီးလုပ်ခဲ့တာပါ။ ၂၀၂၂ မှာတုန်းက payment တွေ တိုင်ပတ်ခဲ့တာမျိုး ရှိခဲ့ပါတယ်။ Reels ကလည်း payment ကောင်းပါတယ်။ တချို့ creators တွေဆို တစ်လ ဒေါ်လာ ၃၅၀၀၀ အထိ ရတာမျိုး ရှိပါတယ်။

အခု ကြားတဲ့အတိုင်း ဘောနပ်စ်တိုးပေးမယ်ဆိုရင် creators တွေတော့ ကြီးပွားဦးမှာပါ။ သမ္မတသစ် ထရမ့်က TikTok ban မယ့်ကိစ္စ ဆိုင်းထားတာမို့ လောဆယ် TikTok နဲ့ အမေရိကန်ပြဿနာက လိပ်ခဲတည်းလည်း ဖြစ်နေတုန်းပါပဲ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က