• TikTok မှ အိန္ဒိယအတွက် ရူပီးကုဋေ ၁၀၀ ဖိုး ဆေးအကူပစ္စည်းများ လှူဒါန်း

Xiaomi ကလည်း ရူပီး ၁၅ ကုဋေဖိုး လှူထားပါတယ်

နာမည်ကျော် Video-sharing ပလက်ဖောင်းတစ်ခုဖြစ်တဲ့ TikTok ဟာ အိန္ဒိယနိုင်ငံအတွက် ရူပီး ကုဋေ ၁၀၀ တန် ဆေးပစ္စည်းများ လှူဒါန်းသွားမယ်လို့ ကြေညာပါတယ်။

TikTok မှ ထောက်ပံ့လှူဒါန်းသွားမယ့် ဆေးပစ္စည်းတွေထဲမှာ ဆရာဝန်နဲ့ ဆေးအကူဝန်ထမ်းများအတွက် အကာအကွယ်ဝတ်စုံပေါင်း ၄ သိန်း နဲ့ Mask ပေါင်း ၂ သိန်း ပါဝင်မယ်လို့ Gizmochina သတင်းက ဆိုပါတယ်။

image

Photo: brumpost


" အိန္ဒိယအစိုးရဟာ ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ လက်တွဲလုပ်ဆောင်မှုတွေ လုပ်နေပါတယ်။ အခုလှူဒါန်းမှုကနေတစ်ဆင့် ကျွန်တော်တို့ဟာ ဒီကြိုးပမ်းအားထုတ်မှုထဲ ပါဝင်ချင်ပါတယ်" လို့ TikTok မှ ဆိုပါတယ်။

တာဝန်ယူမှုရှိတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ TikTok ဟာ အိန္ဒိယနိုင်ငံသားများ ဘေးကင်းလုံခြုံရေးအတွက် နောက်များမှာလည်း ထောက်ပံ့လှူဒါန်းမှုများ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ TikTok ဟာ အထည်အလိပ်စက်မှုဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ကျန်းမာရေးနှင့် မိသားစုသက်သာချောင်ချိ‌ရေး ဝန်ကြီးဌာနကို ဆေးပစ္စည်းများ လှူဒါန်းသွားမယ်လို့လည်း ပြောထားပါတယ်။

Photo: dailyaddaa


တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi ကလည်း အိန္ဒိယမှ ကျန်းမာရေးလုပ်သားများအတွက် N95 mask များ လှူဒါန်းထားသလို ဧပြီလဆန်းပိုင်းမှာလည်း အစိုးရနဲ့ NGO အဖွံအစည်းများ ရံပုံငွေထောက်ပံ့ရေးအတွက် စုစုပေါင်း ရူပီး ၁၅ ကုဋေ လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ Xiaomi ဟာ အိန္ဒိယမိသားစုပေါင်း ၂ သောင်းအတွက် လက်ဆေးဆပ်ပြာများ ၊ Face Mask များလည်းရူပီး ၁ ကုဋေဖိုး လှူဒါန်းသွားမယ်လို့ ကတိပြုထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ဧပြီ ၆ ရက်နေ့ မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၂၉၈ ဦး ရှိပြီး သေဆုံးသူ ၁၁၈ ဦးအထိ ရှိထားတယ်လို့ Worldometers ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။ ကမ္ဘာပေါ်မှာတော့ ဒီနေ့ အချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ ၁.၂၇ သန်းကျော် ရှိလာပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က