• Featured

    TikTok နဲ့ WeChat တို့ကို အမေရိကန်မှာ ပိတ်ပင်သွားမည်

တနင်္ဂနွေနေ့က စပြီး ပိတ်ပင်သွားတော့မှာပါ

ဒီတစ်ပတ် တနင်္ဂနွေနေ့က စပြီး အမေရိကန်နိုင်ငံမှာ TikTok နဲ့ WeChat တို့ကို ပိတ်ပင်သွားတော့မှာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့က စပြီး အမေရိကန်နိုင်ငံ စီးပွားကူးသန်းဌာန DoC ဟာ နိုင်ငံအတွင်းမှာ ရှိတဲ့ app stores တွေကနေ TikTok နဲ့ WeChat တို့ကို ပိတ်ပင်သွားမယ်လို့ တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ TikTok နဲ့ WeChat တို့ဟာ တရုတ်နည်းပညာကုမ္ပဏီကြီးတွေ ဖြစ်တဲ့ ByteDance နဲ့ Tencent တို့ ပိုင်ဆိုင်ထားတဲ့ apps တွေ ဖြစ်ပါတယ်။

image

Photo: wbez

အမေရိကန်နိုင်ငံအတွင်း iOS App Store နဲ့ Google Play Store တို့ပေါ်ကနေ TikTok နဲ့ WeChat တို့ ‌ဒေါင်းလုပ်ဆွဲမှု ပိတ်ပင်သွားရုံတင်မဟုတ်ဘဲ နိုဝင်ဘာ ၁၂ ရက်နေ့က စတင်ပြီး အမေရိကန်နိုင်ငံအတွင်း အခြေစိုက် လုပ်ငန်းလုပ်ဆောင်မှုတွေပါ တားမြစ်သွားမှာ ဖြစ်ပါတယ်။ TikTok ဟာ အမေရိကန်နိုင်ငံအတွင်း သုံးစွဲသူ သန်း ၁၀၀ ရှိပြီး WeChat ဝန်ဆောင်မှုကို နေ့စဉ် လူ ၁၉ သန်းက ပုံမှန် သုံးစွဲနေတယ်လို့ Reuters သတင်းက ဆိုပါတယ်။

DoC အတွင်းဝန် ဝီလ်ဘာရော့စ်ရဲ့ အဆိုအရ ဒါဟာ သမ္မတရဲ့ ညွှန်ကြားချက်နဲ့အညီ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

" သမ္မတထရမ့်အနေနဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခြိမ်းခြောက်မှုတွေကနေ အမေရိကန်တွေကို ကာကွယ်ဖို့နဲ့ အမျိုးသားလုံခြုံရေး အာမခံချက်ပေးဖို့ သူ့ရဲ့ အာဏာထဲကနေ အကုန်လုံးလုပ်ဆောင်သွားမယ်လို့ ဒီနေ့လုပ်ရပ်တွေက သက်သေပြလိုက်တာပါပဲ။" လို့ DoC ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

Photo: nairametrics


ByteDance နဲ့ အမေရိကန်နည်းပညာကုမ္ပဏီ Oracle တို့အကြား နည်းပညာမိတ်ဖက်များအဖြစ် ပူးပေါင်းမှု လုပ်လိုက်ပေမယ့် သမ္မတထရမ့်ကတော့ ဒီလိုမျိုး သဘောတူညီမှုမျိုးကို မကြိုက်ကြောင်း Bloomberg သတင်းက ပြောထားပါတယ်။ သမ္မတထရမ့်အနေနဲ့ TikTok ကို အမေရိကန်ကုမ္ပဏီတစ်ခုဆီ လုပ်ငန်းအပြတ်ရောင်းချစေချင်တာပါ။

DoC ရဲ့ ကြေညာချက်အရ အမေရိကန်နိုင်ငံမှာ ဒီ app တွေ codes နဲ့ updates တွေ ပိတ်ရုံတင်မဟုတ်ဘဲ WeChat နဲ့ ဆက်စပ်နေတဲ့ ငွေကြေး လွှဲပြောင်းပေးချေမှုတွေပါ ပိတ်ပင်သွားတော့မှာ ဖြစ်ပါတယ်။ ဒီအမိန့်ဟာ အမေရိကန်ပြင်ပ WeChat နဲ့ TikTok တို့ပေါ် သက်ရောက်မှာ မဟုတ်သလို Tencent ပိုင် တစ်ခြား ဂိမ်းနဲ့ apps တွေကိုလည်း ထိခိုက်မှု ရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က