ရန်ကုန်အကြွား၊ မန္တလေး စကား၊ မော်လမြိုင်အစားလို့ ဆိုရိုးစကား ရှိသလိုပဲ မော်လမြိုင်နဲ့အစားဆိုတာ ခွဲလို့မရတဲ့ အရာတစ်ခုပါ။ မော်လမြိုင်လို့ ဆိုလိုက်တာနဲ့ အစားအသောက်ကောင်းကောင်းတွေ ပေါများတဲ့ ဒေသတစ်ခုလို့ မြင်မိကြပါတယ်။ ဒီနေ့ခေတ်မှာတော့ မော်လမြိုင်အစားအသောက်တွေကို နေရာမျိုးစုံမှာ ရောင်းချနေပြီး မော်လမြိုင်လက်ရာတွေကို ဒေသတိုင်းက လူတွေ စားသုံးနိုင်ကြပြီလည်းဖြစ်ပါတယ်။ ဒီတစ်ခေါက် Duwun ကနေ မော်လမြိုင်မှာ နာမည်ကြီးတဲ့အပြင် ဒေသတိုင်းမှာ ရနိုင်တဲ့ မော်လမြိုင်အစားအစာ ၅ မျိုးအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
သင်္ကြန်ထမင်း

ဓာတ်ပုံ - မုဒုံသူ အိမ်ချက်လက်ရာ
မော်လမြိုင်နဲ့ သင်္ကြန်ထမင်းကတော့ ဘယ်တော့မှ ခွဲခြားလို့မရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ မြန်မာတို့ရဲ့ နှစ်သစ်ကူးအခါသမယသင်္ကြန်ကာလရောက်ပြီဆိုရင် ရိုးရာအစားအသောက် သင်္ကြန်ထမင်းနဲ့ ကျွေးမွေးဧည့်ခံကြတာက မွန်လူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုလို့ ဆိုရမှာပါ။ သင်္ကြန်ကာလ မွန်ပြည်နယ်အတွင်းက ရေကစားမဏ္ဍပ်တွေမှာဆိုရင်လည်း သင်္ကြန်ထမင်းကို စတုဒီသာ ကျွေးမွေးလေ့ရှိတာက ဒီနေ့ခေတ်တိုင်အောင် အစဉ်အလာတစ်ခုသဖွယ် ရှိနေဆဲပဲဖြစ်ပါတယ်။ မွန်လူမျိုးတွေအတွက် သင်္ကြန်ထမင်းကို ချက်ပြုတ်စားသောက်ကြတာ သင်္ကြန်ပွဲတော်တစ်ခုတည်း သာမကပါဘူး။ အလှူတိုင်းလိုလို မှာဖြစ်စေ၊ အိမ်မှာ မိသားစုနဲ့ပဲ ဖြစ်စေ သင်္ကြန်ထမင်းကို အမြဲချက်ပြုတ်စားသုံးလေ့ရှိကြပါတယ်။ သင်္ကြန်ထမင်းဆိုတာ မွန်တိုင်းရင်းသား လူကြီး လူငယ် ကလေး အရွယ်သုံးပါးလုံး ကြိုက်နှစ်သက်တဲ့ အစားအစာတစ်ခုလို့ ပြောမယ်ဆိုရလည်း မှားမယ်မထင်ပါဘူး။ သင်္ကြန်ထမင်းဆိုတာ အဓိက ထမင်းကို ဖယောင်း ရေဆမ်းပြီး ၊ သင်္ကြန်ကြော်လို့ ခေါ်တဲ့ ငါးခြောက်ထောင်းကြော်တိုနဲ့ တွဲဖက်စားသုံး ရတာဖြစ်ပါတယ်။ အခုအခါမှာ သင်္ကြန်ထမင်းကိုတော့ ရန်ကုန်မြို့အပြင် အခြားမြို့ကြီးတွေက မော်လမြိုင်အစားအသောက်တွေ ရောင်းချနေတဲ့ ဆိုင်တွေမှာ စားသုံးနိုင်ပြီဖြစ်ပါတယ်။
မွန်ရိုးရာငါးနှပ်ဟင်း
ပင်လယ်ပြင်နဲ့အနီးဆုံးမှာရှိတဲ့ မွန်ပြည်နယ်အတွင်းက ကမ်းရိုးတန်းရွာအချို့မှာ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသလို မွန်တိုင်းရင်းသားလူမျိုးတွေဟာ ပင်လယ်စာအမယ်မျိုးစုံကို ချက်ပြုတ်စားသောက်တတ်ကြပါတယ်။ များလွန်းလှတဲ့ မွန်ရိုးရာပင်လယ်စာဟင်းတွေထဲကမှ လူတိုင်းနှစ်သက်ကြပြီး ချက်ရလည်း လွယ်ကူတဲ့ဟင်းကတော့ ငါးနှပ်ဟင်းပါ။ ငါးနှပ်ဟင်းကို မရမ်းပြားလေးနဲ့ ချဉ်ချဉ်စပ်စပ်လေး စားလိုက်ရရင် အရသာအလွန်ရှိတာကြောင့် စားဖူးသူတိုင်းကြိုက် နှစ်သက်ကြတဲ့ဟင်းလျာတစ်မျိုးလည်း ဖြစ်ပါတယ်။ ငါးနှပ်ဆိုတာ အကြေးခွံမပါတဲ့အဖြူရောင်နောက်နောက် ပင်လယ်ငါးတစ်မျိုးဖြစ်ပါတယ်။ ရန်ကုန်အပါအဝင် အထက်ပိုင်းဒေသတွေမှာတော့ ငါးနှပ်ကို အခြောက်ပြုလုပ်စားကြတဲ့ အာပြဲခြောက်ကို ခေါ်တာပါ။ မော်လမြိုင်အပါအဝင် မွန်ပြည်နယ်က မြို့တွေ ရွာတွေမှာတော့ ငါးနှပ်ဟင်းကို ဟင်းလျာတစ်ခွက် ၊ အရည်သောက်ဟင်းတစ်ခွက်အဖြစ် အမြဲတစ ချက်ပြုတ်စားသောက်လေ့ ရှိကြပါတယ်။ ငါးနှပ်ဟင်း ပူပူစစ်စပ်လေးက စားသုံးသူတိုင်းအကြိုက်တွေ့စေတဲ့ဟင်းလျာတစ်ခုဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ မွန်လူမျိုးတွေ ရဲ့ ဟင်းလျာတစ်ခွက် အဖြစ်သာမကတော့ဘဲ မွန်အစားအစာကို ကြိုက်နှစ်သက်တဲ့သူတိုင်း ရဲ့ ထမင်းဝိုင်းမှာ ပါဝင်လာတဲ့ဟင်းတစ်ခွက် ဖြစ်လာပါတယ်။
ငါးပေါင်းထုပ်
ဓာတ်ပုံ - မုဒုံသူ အိမ်ချက်လက်ရာ
ငါးပေါင်းထုပ်ကတော့ မွန်အစားအစာ စစ်စစ်တစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကဆို မွန်ပြည်နယ်အတွင်းက မြို့တွေ၊ ရပ်ကွက်တွေမှာ ငါးပေါင်းထုပ်ကို စေျးဗန်းနဲ့ အ ရပ်တကာလှည့်ပြီး ေရာင်းချကြတဲ့ ဓလေ့ကို မွန် ပြည်နယ်က ရွာတွေ အများစုမှာ တွေ့ ရတတ်ပါတယ်။ ငါးပေါင်းထုပ်ဆိုတာ ငါးကို ရဲယို ရွက်နဲ့ထုပ်ကာ ပေါင်းထားတဲ့ဟင်းလျာဖြစ်ပါတယ်။ ငါးပေါင်းထုပ်လို့ ဆိုတဲ့အတိုင်း ငါးကတော့ မဖြစ်မနေပါ ရမှာဖြစ်ပြီး တစ်ချို့ကတော့ ပုဇွန်ကိုလည်း အသုံးပြုကြပါတယ်။ ငါးနဲ့ အဆာပလာမျိုးစုံကို ရွက်ယိုထဲပေါင်းထုပ်ပြီး ဌက်ပျောဖတ်လေးနဲ့ ထပ်မံထုပ်ထားတဲ့ ငါးပေါင်းထုပ်ကိုတော့ ထမင်းဝိုင်းမှာ အရံဟင်းအနေနဲ့စားသုံးကြသလို အဆာပြေအစားအစာအဖြစ်လည်း စားသုံးကြပါတယ်။ မွန်ရိုးရာဟင်းလျာစစ်စစ်ဖြစ်တဲ့ငါးပေါင်းထုပ်ကိုတော့ မွန်အစားအစာတွေ ချက်ပြုတ်ရောင်းချတဲ့ ဆိုင်တွေမှာ ဝယ်ယူစားသုံးနိုင်ပါတယ်။
မော်လမြိုင်အုန်းနို့ခေါက်ဆွဲ
ဓာတ်ပုံ - မုဒုံသူ အိမ်ချက်လက်ရာ
အုန်းနို့ခေါက်ဆွဲလို့ ဆိုလိုက်ရင် ရန်ကုန်အပါအဝင် တခြားဒေသတွေကတော့ ခေါက်ဆွဲကို ဂျုံခေါက်ဆွဲနဲ့သာစားသုံးကြပေမယ့် မွန်ပြည်နယ်၊ မော်လမြိုင်ဘက်မှာတော့ ခေါက်ဆွဲကို ဆန်ခေါက်ဆွဲနဲ့သာစားသုံးကြတာ တွေ့ ရ ပါတယ်။ ဂျုံခေါက်ဆွဲနဲသာစားသုံးကြတဲ့သူတွေအတွက် ဆန်ခေါက်ဆွဲနဲ့ အုန်းနို့ခေါက်ဆွဲက အထူးအဆန်းဖြစ်နေတတ်ပေမယ့် မော်လမြိုင်ဒေသခံတွေအတွက်တော့ ပုံမှန် အစားအစာတစ်ခုပါပဲ။ မော်လမြိုင် အုန်းနို့ခေါက်ဆွဲလို့ ပြောလိုက်တာနဲ့ ခေါက်ဆွဲ အပြား ဝါဝါကို အုန်းနို့ ရည်လေးပျစ်ပျစ်နဲ့ စားသုံး ရတာက တကယ်ကို အ ရသာရှိကောင်းမွန်ပါတယ်။ မော်လမြိုင် အုန်းနို့ဆန်ခေါက်ဆွဲကိုလည်း မွန်ပြည်နယ်မှာတော့ နေ ရာတိုင်း ရနေပေမယ့် အခြားဒေသတွေမှာတော့ မော်လမြိုင် အစားအစာအဓိက ရောင်းချတဲ့ စားသောက်ဆိုင်တွေမှာသာ ရရှိနိုင်ပါတယ်။
အရူးသုပ်
ဓာတ်ပုံ - မုဒုံသူ အိမ်ချက်လက်ရာ
အရူးသုပ်ဆိုတာက မွန်ဒေသအခေါ်တစ်ခုပါ။ ခေါက်ဆွဲ၊ကြာဇံ၊ထမင်း၊ပဲပြား စတဲ့ အသုပ်သုပ်တဲ့အခါသုံးတဲ့ အစာပလာမျိုးစုံကို ရောနှောသုပ်ထားတဲ့အသုပ်ကို အခြားဒေသကလူတွေက အစုံသုပ်လို့ ခေါ်ကြပေမယ့် မွန်ပြည်နယ်ဘက်မှာတော့ အရူးသုပ်လို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။ အ ရူးသုပ်ဆိုတာ ခေါက်ဆွဲ၊ကြာဇံ၊ထမင်း၊ပဲပြား၊ ကျောက်ပွင့်၊ အာလူး၊ သေင်္ဘာသီး၊ ပဲတီပင်ပေါက် စတဲ့ အဆာပလာ ၁၁ မျိုးလုံးပါဝင်အောင် ရောနှောသုပ်ထားတဲ့အသုပ်ဖြစ်ပါတယ်။ မွန်ပြည်နယ်ဘက်က အသုပ်တွေက ငရုတ်ဆီအချဥ်လုံးဝသုံးတာမဟုတ်ဘဲ ငံပြာ ရည်စစ်စစ်၊ ပဲမှုန့်များများ၊ ပုဇွန်ခြောက်မှုန့်၊ ကြက်သွန်ဖြူဆီချက်နိုင်နိုင်ထည့်ပြီး မန်ကျည်းရည်အချဥ်လေးနဲ့ သုပ်တာဖြစ်ပါတယ်။ မွန်လက် ရာကောင်းကောင်းလေးနဲ့ အသုပ်တွေကို စားချင်တယ်ဆို ရင်တော့ မွန်လက်ရာရောင်းတဲ့ဆိုင်တွေမှာသာ ရ ရှိနိုင်တာဖြစ်ပါတယ်။
ရန်ကုန်မှာ မော်လမြိုင်အစားအစာရနိုင်တဲ့နေရာများ
ရန်ကုန်မြို့မှာ မွန်လက် ရာအစားအသောက်ကောင်းကောင်းတွေစားသုံးချင်တယ်ဆိုရင်တော့ လမ်းမတော်မြို့နယ်က မော်လမြိုင်စွဲလက်ရာ၊ လှိုင်မြို့နယ်က မုဒုံသူ မော်လမြိုင် အိမ်ချက်လက် ရာနဲ့ စမ်းချောင်းမြို့နယ်က မော်လမြိုင်လက်ရာ ဆွာ ဆိုင်တို့မှာ ရရှိနိုင်တာလည်းဖြစ်ပါတယ်။