VAR ပြန်ကြည့်ပြီး တိုက်ရိုက်အနီကတ်ပြခံလိုက်ရတာပါ။

မနေ့ညက ကစားခဲ့တဲ့ ဆိုစီဒက်နဲ့ ဆီဗီလာတို့ရဲ့ပွဲစဉ်မှာ ရာမို့စ်တစ်ယောက် ပွဲချိန်အတွင်း အနီကတ် နှစ်ခါ ပြသခံခဲ့ရကြောင်း သိရှိရပါတယ်။ ပုံမှန်အားဖြင့် အနီကတ်ထိတာက မထူးဆန်းပေမယ့် ထူးဆန်းတာကတော့ အနီကတ်နှစ်ခါ အပြခံလိုက်ရသလိုဖြစ်ခဲ့တာပါပဲ။



ပွဲကစားချိန် နှောင်းပိုင်းမှာ ရာမို့စ်က ပြိုင်ဘက်ရဲ့ တိုက်စစ်ဆင် ထိုးဖောက်မှုကို ဟန့်တားဖို့ ကြိုးစားရင်း ပြိုင်ဘက်ကစားသမားကို ပင်နယ်တီဧရိယာထိပ်မှာ နင်းမိခဲ့ပါတယ်။ ပထမအဝါထိထားပြီးသားဖြစ်တဲ့ ရာမို့စ်ကို ကွင်းလယ်ဒိုင်က ဒုတိယအဝါကတ်ပြသကာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခဲ့ပါတယ်။


ဒါပေမယ့် ဒါနဲ့ မပြီးသေးဘဲ VAR ကို ပြန်လည်ကြည့်ရှုပြီးတဲ့နောက်မှာတော့ ကွင်းလယ်ဒိုင်က ရာမို့စ်ကို ပြသခဲ့တဲ့ ဒုတိယအဝါကို ပယ်ဖျက်ကာ တိုက်ရိုက်အနီကတ် ပြသခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ရာမို့စ်တစ်ယောက် ထူးထူးဆန်းဆန်းနဲ့ပဲ တစ်ပွဲတည်းမှာ အနီကတ် နှစ်ခါထိသလို ဖြစ်ခဲ့ရပါတယ်။

ရာမို့စ်အတွက်ကတော့ စပိန်မြေကို ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အခုလိုမျိုး အနီကတ်ထိခဲ့တာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ “ရာမို့စ်က တစ်ပွဲတည်းမှာတင် ဘယ်လိုဖြစ်ပြီး အနီကတ် နှစ်ခါထိသွားတာလဲ” “ရာမို့စ်က အနီကတ်တွေရဲ့ ဘုရားသခင်ဖြစ်နေပြီ” လို့ အမျိုးမျိုး မှတ်ချက်ပေးခဲ့ပါတယ်။
ဒီပွဲမှာ ရာမို့စ်အပြင် ဆီဗီလာဘက်က နောက်ထပ်ဝါရင့် ကစားသမားတစ်ဦးဖြစ်တဲ့ နာဗက်စ်လည်း အနီကတ်ထိခဲ့ပါသေးတယ်။ အဲ့ဒါကြောင့် ဆီဗီလာတို့ အဝေးကွင်းမှာ ၁၁ ယောက် - ၉ ယောက်ချင်း ရင်ဆိုင်ခဲ့ရပြီး အရေးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က