ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

အယ်လစ်ဆန်ဟာ ယူနိုက်တက်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေပြီး လီဗာပူးလ်အတွက်တော့ အင်ပြည့်အားပြည့်ဖြစ်လာခဲ့ပါတယ်။


ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် နော်ဝှစ်ချ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ခြေသလုံးဒဏ်ရာရရှိခဲ့လို့ အနားယူနေခဲ့ရတဲ့ လီဗာပူးလ်ဂိုးသမားအယ်လစ်ဆန်ဟာ အသင်းနဲ့လေ့ကျင့်ခန်းဆင်းနေပြီလို့သိရပါတယ်။ အယ်လစ်ဆန်ဟာ ယူနိုက်တက်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေပြီး လီဗာပူးလ်အတွက်တော့ အင်ပြည့်အားပြည့်ဖြစ်လာခဲ့ပါတယ်။

ဒီရာသီမှာ ၈ ပွဲဆက်တိုက် အနိုင်ယူထားပြီး အမှတ်ပေးဇယားမှာ မန်စီးတီးကို ၈ မှတ်ဖြတ်ဦးဆောင်နေခဲ့တဲ့ လီဗာပူးလ်အတွက် အယ်လစ်ဆန်ရဲ့ သတင်းက သတင်းကောင်းဖြစ်လာခဲ့ပါတယ်။ လီဗာပူးလ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းဖြစ်တဲ့ မဲလ်ဝုဒ်မှာ အယ်လစ်ဆန်က လေ့ကျင့်ခန်းပြုလုပ်နေခဲ့တာဖြစ်ပြီး ပြန်လည်ကစားပေးနိုင်ဖို့ အသင့်ဖြစ်နေပြီလို့ Metro က ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အတွက်တော့ အယ်လစ်ဆန်ရဲ့ သတင်းက စိတ်ပျက်စရာအဖြစ်တော့ ရှိလာခဲ့ပါတယ်။ ဒီရာသီမှာ တိုက်စစ်ပိုင်းအားနည်းမှုတွေရှိနေပြီး ၈ ပွဲကစားအပြီးမှာ ၉ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ သူတို့အသင်းတိုက်စစ်ပြသနာကို ဖြေရှင်းဖို့ ကြိုးစားနေဆဲမှာပဲ ပြိုင်ဘက်အသင်းရဲ့ အဓိကဂိုးသမားက ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

အယ်လစ်ဆန် ဒဏ်ရာရရှိခဲ့ပြီးနောက် အရန်ဂိုးသမား အန်ဒရီယန်က ဝင်ရောက်ကစားပေးနေခဲ့ပါတယ်။ အန်ဒရီယန်က ၇ပွဲကစားပေးခဲ့ရာမှာ ၅ဂိုးခွင့်ပြုခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ရဲ့ ရွှေလက်အိတ်ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အယ်လစ်ဆန်က အန်ဒရီယန်က ပိုမိုလက်စွမ်းမြင့်မားသူဖြစ်လို့ ယူနိုက်တက်တိုက်စစ်အတွက် ပိုမိုပြီး အခက်အခဲတွေ့လာဖွယ်ရှိနေပါတယ်။

Share

Loading Next Article...
က္က